ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနဲ့ တပ်သားတွေ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင်ပစ္စည်းတေ သိမ်းဆည်းရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူကတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းကတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့နေရာမှာလည်း လက်နက်ကြီးတွေ ပစ်ခတ်မှုနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။