စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF တပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၂ရက်၊ မနေ့က မနက်အစောပိုင်းက ရွှေဘိုမြို့၊ ရန်မျိုးအောင် ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက 60mm ဗုံးသီး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်သေဆုံးပြီးတော်လှန်ရေးတပ်တွေကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

နယ်စည်းမခြား ရွှေဘိုသား LPDF အဖွဲ့နဲ့ မဟာမိတ်တွေ ဒရုန်းပြင်ဆင်နေစဥ်

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား (LPDF) ဒရုန်းတပ်ဖွဲ့ နဲ့အတူ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့ ၊ PZ SkyMax ဒရုန်းတပ်ဖွဲ့ နဲ့ National Pefrend Defence Force (LPDF) ညီနောင်မဟာမိတ် ဒရုန်းတပ်ဖွဲ့တွေ​ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမှာ အများပြည်သူ အိပ်မောကျနေချိန် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ ကျောင်းသူ ၂ ဦးအပါ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အများပြည်သူ အိပ်မောကျနေချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကျောင်းသူ ၂ ယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးအဆင့်နှင့် ၃ ပွင့်ဗိုလ်အပါ စစ်သားအများအပြား သေပြီး ၂ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းလိုက် ပြုတ်ထားတာ မကြာသေးတဲ့ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့  အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

ဝက်လူးရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။