မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၁၅၀၀နီးပါး စစ်ဘေးတိမ်း​ရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က စလို့ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားဖြည့်တင်းရင်း ကျေးရွာတွေဆီ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် လယ်မနဲ့ ကျွဲခြံရွာက အရပ်သားတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက စစ်ဘေးတိမ်းရှောင်နေရသူများ
ပွင့်ဖြူမြို့နယ်ထဲက စစ်ဘေးတိမ်းရှောင်နေရသူများ

အဲ့ဒီနေ့မှာပဲ ပွင့်ဖြူမြို့နယ်၊ မဲဇလီရဲစခန်းနား တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ခဲ့လို့ ကျွဲခြံရွာက အရပ်သား၁ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်၊ မနေ့ကလည်း Mi35 ရဟတ်ယာဥ်နဲ့ ကျွဲခြံ၊ လယ်မ၊ မအူပင်နဲ့ သုံးမိုင်ပေါက်လမ်းခွဲတွေကို လေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။

“ကျွဲခြံနဲ့ လယ်မကို​တော့ ရော့ကတ်၂လုံးပစ်သွားတယ်။ သုံးမိုင်ပေါက်လမ်းခွဲကိုလည်း ပွိုင့်ဖိုက်ကုပ်သွားတယ်။ အရပ်သား ထိခိုက်မှုကတော့ မရှိပေမယ့် စစ်​ရေးအခြေအနေတွေ တင်းမာနေတယ်။ ကျွဲခြံနဲ့ လယ်မကို ၈၁ မမတွေ ဒရုန်းတွေနဲ့ ဗုံးချနေပါတယ်။ ဒေသခံတွေကတော့ စစ်ရှောင်နေရတာ ဒီနေ့နဲ့ ဆို ၅ရက်ရှိပါပြီ” လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်၊ အဲ့ဒီနေ့မှာပဲ ဆင်လူး ပျူစောထီးရွာက ထွက်လာတဲ့ စစ်အုပ်စုတွေဟာတော်လှန်ရေးအဖွဲ့တွေထောင်ထားတဲ့ မိုင်းနင်းမိပြီးနေရာမှာတင် စစ်သား၂ ယောက် သေဆုံးကာ အုပ်ချုပ်ရေးမှူးဆိုသူ ခြေထောက်ထိခိုက်သွားတယ်လို့လည်း ကိုအညာသားက ပြောပြပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက စစ်ဘေးတိမ်းရှောင်နေရသူများ
ပွင့်ဖြူမြို့နယ်ထဲက စစ်ဘေးတိမ်းရှောင်နေရသူများ

“မိုင်းမိတဲ့စစ်ကြောင်းကတော့ ပြန်ဆုတ်သွားပေမယ့် မဲဇလီရဲစခန်းက အင်အား၂၀၀ပါ စစ်​​​ကြောင်းကတော့ ကျွဲခြံနဲ့ လယ်မထဲက လူနေအိမ်တွေကို ပစ်ခတ်တို​က်ခိုက်နေပါတယ်။ အဲ့ဒါကြောင့် အရပ်သားတွေ တောထဲတောင်ထဲ ပြေးရင်းလွှားရင်း တိမ်းရှောင်နေရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ ပါပါ​တယ်။ ကူညီထောက်ပံ့မယ့် အဖွဲ့အစည်းတွေ လိုအပ်နေပါတယ်။ အဲ့ဒေသမှာ လှုပ်ရှားနေတဲ့ မင်းဘူးခရိုင် အမှတ်၄ တပ်ရင်းကတော့ စစ်ကြောင်းကိုလည်း ခုခံနေသလို အရပ်သားတွေကိုလည်း ကူညီပေးနေပါတယ်​။” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်ရတဲ့ ရက်ဆက်လာတာကြောင့်အရပ်သားတွေအတွက် စားနပ်ရိက္ခာခက်ခဲလာကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ရှိလာကြောင်းလည်း သိရပါတယ်။

ဒီလိုမျိုး စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့အတွက် မင်းဘူးနဲ့ ပွင့်ဖြူမြို့နယ်ကို ဆက်သွယ်ထားတဲ့ ပုသိမ်-မုံရွာကားလမ်းပိုင်းက ဝန်လိုရွာ၊ ခိုနန်းရွာ၊ သုံးမိုင်ပေါက်၊ ငါးမိုင်ပေါက်လမ်းတွေကို လုံးဝအသုံးမပြုကြဖို့ မင်းဘူးခရိုင် ၊ အမှတ် ၇ တပ်ရင်းက ထုတ်ပြန်ထားပါသေးတယ်။

မင်းဘူးခရိုင်၊ အမှတ် (၇) တပ်ရင်း၏ ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံက ပြန်ရောက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းက မိုးကုတ်၊ နောင်ချို၊ ဆော ၊ ပွင့်ဖြူ၊  မင်းတပ်နဲ့ အမ်းမြို့နယ်တွေဆီ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုကာ လက်ရဲဇက်ရဲ တရစပ်လုပ်ဆောင်လာတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

“မအလက အခုလို မြို့တွေအသိမ်းခံနေရချိန်မှာ အားပေးအားမြှောက်လုပ်တဲ့သူတွေ ပူပူနွေးနွေးရှိထားတော့ ပိုလုပ်လာတာပါ။ နောက်ဆို လေကြောင်းတင်မဟုတ်ဘဲ ဒရုန်းတွေပါ ပိုသုံးလာဦးမယ်ထင်တယ်။ ဒီတစ်ခေါက် လေကြောင်းသုံးတာတွေကလည်း သူ့ကိုယ်သူ နိုင်ငံတကာက အသိအမှတ်ပြုခံရတယ်ထင်ပြီး လျှောက်လုပ်နေတာပါ။” လို့ စစ်ရေးသတင်းရင်းမြစ်​တစ်ခုကလည်း  မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်က အရပ်သား ၈ ဦးကို သတ်ဖြတ်ခဲ့

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ရှစ်ဦးအထိ သေဆုံးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိပါတယ်။
Read More

မင်းလှမြို့နယ်ရှိ မဲရုံနှစ်နေရာကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

Chinland Defense Force – Kalay-Kabaw-Gangaw တပ်ရင်း ၁ ရဲ့ အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw (CDF - KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။