တရုတ်မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။

ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ဒေသခံ ကျေးရွာသူရွာသားတွေက မခုခံခိုင်းတာကြောင့် လက်နက်ချအညံ့ခံလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ချအညံ့ခံခြင်းနဲ့အတူ ပြည်သူ့စစ်တွေထံက လက်နက် အလက် ၁၀၀ နီးပါး ရရှိခဲ့ကြောင်း သိရပါတယ်။

တရုတ်မြန်မာနယ်စပ် ကချင်အထူးဒေသ() ဖီမော်မြို့ အရှေ့မြောက်ဘက်က ကန်ဖန့်ရွာအခြေစိုက် ပြည်သူ့စစ်စခန်းအပါအဝင် ပြည်သူ့စစ်တွေ အားကောင်းတဲ့ ကန်ဖန့်ရွာကို KIA ပူးပေါင်းတပ်ဖွဲ့ဟာ မနေ့က နို၀င်ဘာ ၄ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာပါ။

ကချင်အထူးဒေသ () နယ်မြေမှာ KIA သိမ်းပိုက်ဖို့ ဒေသတချို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

KIA တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ကျေးရွာအများစုမှာလည်း ဒေသခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို CDF -Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force - Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းလှမြို့နယ်ရှိ မဲရုံနှစ်နေရာကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။