ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
နိုဝင်ဘာလ ၁ ရက် မနေ့က ညသန်းခေါင်းကျော်အချိန်မှာ ကျောက်ကြီးတောင်အထိုင်စခန်းကနေ အင်အား ၄၀ နဲ့ သစ်ပုတ်တိုင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သတင်းက ကြိုရထားလို့ စောင့်ကြိုတိုက်ခိုက်တာ ဟုတ်ပါတယ်။ မိုင်းဆွဲပြီးတော့ မနက် ၄နာရီလောက်မှ သေဆုံးအလောင်းနဲ့ ဒဏ်ရာရရ စစ်သားတွေကို ပုခတ်တွေနဲ့ သယ်ပြီး သစ်ပုတ်ဘက်ကို ဝင်သွားတာပါ။” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ချီတက်ရွာနဲ့ သစ်ရွာကြားမှာ မိုင်း (၃) ကြိမ်ဆွဲပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိ သွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ (၁) ၊ တပ်ခွဲ (၅) တို့က ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကြောင်းထွက်ခွာသွားပြီးနောက် စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးအလောင်းက ကျန်ရစ်ခဲ့တဲ့ သွေးကွက်များ…
0 Shares:
You May Also Like
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

ကော့သောင်းတွင် WY စိတ်ကြွမှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၆ ဦးအား ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။