အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ မြို့နယ် ပကဖ နဲ့ တိုက်နယ် ပကဖ တို့က မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာမှာ တစ်အိမ်ထောင်ကို ဆန် ၄ ပြည်နှုန်းနဲ့  ထောက်ပံ့ပေးခဲ့တာလို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဆိုပါတယ်။

ရှမ်းမန်း စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA ၊ မိုးကုတ်ဗျူဟာ တို့နဲ့ သပိတ်ကျင်းမြို့နယ် ပကဖ က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါသေးတယ်။

 

(ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ် – ပ.က.ဖ)

0 Shares:
You May Also Like
Read More

အရှေ့ဒဂုံ ၁၂၄ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်အရှိန်မြှင့် ချေမှုန်းမည်ဟု ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပါဝင်လှုပ်ရှားပေးနေတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ထိခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကော့သောင်းတွင် WY စိတ်ကြွမှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၆ ဦးအား ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ်(၁၂) မဲနှိုက်ဖို့ စစ်အုပ်စုအပေါင်းအပါများ လုပ်ဆောင်နေ 

မန္တလေး​မြို့၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေ စစ်မှုထမ်း မဲနှိုက်ဖို့အတွက် ရပ်ကျေးအာဏာပိုင်တွေက လိုက်လံ​ပြောဆိုနေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။