မန္တလေးတိုင်း မန္တလေးမြင်းခြံလမ်းပိုင်းမှာ ပြည်သူတွေပေါ် မတရားအခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကုက္ကဲစခန်းကို အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာ နဲ့ ဗုံးသီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။

စခန်းအတွင်း ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နယ်မြေအခြေအနေအရစစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်မှုကိုမသိရသေးဘဲစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Freedom Revolution Force (FRF) Burmese Guerilla Force (BGF) နဲ့ Local People Defense Force 35 အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ရွာသာယာရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရှင်မကန်တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင် (ရုပ်သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်‌တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ် ရွေးကောက်ပွဲအတု ပြုလုပ်နေချိန် PDF များ အမြန်လမ်းတွင် စစ်ဆေးရေးလုပ်ခဲ့

အာဏာသိမ်းစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်အတွင်း PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို တက်ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေသည့် စစ်တပ်အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်‌ကောင်စီလက်အောက်ခံတပ်သား ၈ ယောက် ကင်းယူထားတဲ့ ကင်မွန်းတော်ပျူကင်းစခန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်းမွန်တော်ပျူကင်းစခန်းကို ဧပြီ ၁၉ ရက် နံနက်ပိုင်းက လက် နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army ထံက သိရပါတယ်။