စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။

အခုသီတင်းပတ်လာအိုမှာပြုလုပ်မယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ဝန်ကြီးချုပ်ပတွန်တန်ကအခုလိုပြောဆိုခဲ့တာပါ။

၂၀၂၁ မှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးအသွင်ဆောင်လာပြီး မြန်မာအနှံ့ ပဋိပက္ခတွေ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ပတွန်တန်ကမြန်မာပြည်ငြိမ်းချမ်းရေး အမြန်ဆုံးပြန်လည်ဖော်ဆောင်ဖို့ အာဆီယံက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ရမှာဖြစ်တယ်လို့ပြောကြားခဲ့တာပါ။

ထိုင်းအနေနဲ့ မြန်မာပြည်ပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းဖို့ လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ထိုင်းကို ဖျန်ဖြေသူအဖြစ် ဆောင်ရွက်သွားဖို့ ကမ်းလှမ်းထားကြောင်း သူမက ပြောပါတယ်။

ဘုံသဘောတူညီချက်ငါးရပ်အဖြစ်သိကြတဲ့အာဆီယံရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာလည်း၂၀၂၁ဧပြီလမှာစတင်ချမှတ်ပြီးကတည်းကတွေ့ဆုံဆွေးနွေးရေးအကြိမ်ကြိမ်တောင်းဆိုနေပေမယ့်တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။

ပဋိပက္ခဒဏ်ကြောင့်မြန်မာပြည်သူ၅၅သန်းရဲ့သုံးပုံတစ်ပုံဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပြီးဒါဟာလည်းလာအိုမှာပြုလုပ်မယ့်အစည်းအဝေးအတွက်ခေါင်းစဉ်ကြီးတစ်ခုဖြစ်နေပါလိမ့်မယ်။

ငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်နေတဲ့စစ်ကောင်စီခေါင်းဆောင်တွေကိုအာဆီယံကထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားပေမယ့်အခုနှစ်ဆန်းပိုင်းကစလို့စစ်ကောင်စီရဲ့ဗျူရိုကရက်ကိုယ်စားလှယ်တွေကအာဆီယံအစည်းအဝေးတွေမှာပြန်လည်တက်ရောက်လာနေပါတယ်။

အာဆီယံအဖွဲ့ဝင်တွေအကြားသဘောထားမညီညွတ်မှုတွေဖြစ်စေခဲ့တဲ့မြန်မာအရေးဖြေရှင်းဖို့ငြိမ်းချမ်းရေးအစီအစဉ်ကိုသဘောတူထားတဲ့စစ်ကောင်စီဟာအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိနေတာကြောင့်အစုအဖွဲ့ကစစ်ခေါင်းဆောင်တွေကိုထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

မူရင်းASEAN must play key role in resolving Myanmar crisis, Thai PM says

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရရိပ်သာ၌ ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အထူးအစည်းအဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ တွေ့ရသည့် ထိုင်းဝန်ကြီးချုပ် (ဓာတ်ပုံ Reuters)
0 Shares:
You May Also Like
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။