စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေး အဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားပြည်သူတွေဆီက ခြိမ်းခြောက်ငွေညှစ်နေတဲ့ သန်းထိုက်ဦး (ခ) ငတီးဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။

စက်တင်ဘာလ ၁၅ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်နေ သန်းထိုက်ဦး (ခ) ငတီး ဆိုသူကို ကန့်ဘလူခရိုင်၊ အမှတ် (၄) တပ်ရင်း၊ စစ်ထောက်လှမ်းရေးဌာနကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းလျက်ရှိတယ်လို့ ဆိုပါတယ်။

“ဒီလူ အပြင် တစ်နေရာမှာ သွားလာနေတုန်းဖမ်းမိတာပါ။ ကျနော်တို့က အသာတကြည်ပြောပြီး ဖမ်းခဲ့တာဆိုတော့ ခုခံတာမျိုးတော့မရှိခဲ့ပါဘူး။ သူ့ရည်ရွယ်ချက်ကလည်း ငွေလိုချင်တာလို့ပြောပါတယ်။ ကျနော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမှာပါ။ သူလိမ်ခဲ့တဲ့ ပြည်သူတချို့ရဲ့ငွေတွေလည်း ပြန်အပ်ပေးပြီးသွားပါပြီ။” လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ ခြိမ်းခြောက်ငွေညှစ်ခဲ့တဲ့ သန်းထိုက်ဦး (ခ) ငတီးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လုံခြုံရေးဆိုင်ရာအခြေအနေတွေကြောင့် ငွေညှစ်ခံရသူတွေကို လျှို့ဝှက်ထားရတယ်လို့လည်းပြောပါတယ်။

” သူ့ကိုဖော်ထုတ်နိုင်ခဲ့တာကတော့ ခြိမ်းခြောက်တဲ့ပုံစံရယ်၊ အသံရယ်နဲ့ တခြားဆက်စပ်မှုလေးတွေကနေ သံသယဝင်ပြီး ဆက်တိုက်စောင့်ကြည့်ခဲ့တာပါ။ အဲ့ကနေ နောက်ဆုံး အချက်အလက်ခိုင်မာသေချာပြီဆိုတဲ့ အချိန်ကျမှ ဖမ်းဆီးစစ်ဆေးခဲ့တာပါ။ လောလောဆယ် နစ်နာသူ အရေအတွက်ကတော့ အတိအကျပြောလို့ အဆင်မပြေနိုင်ပါဘူး။နစ်နာသူတွေရဲ့လုံခြုံရေးလည်း ရှိနေသေးသလို ဒီလူ့ကိုလည်း ဆက်လက်စစ်ဆေးနေဆဲမို့ပါ။” လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ တာဝန်ရှိသူ၁ယောက်ကမောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလည်း မြင်းခြံ၊ မုံရွာနဲ့ မြို့နယ်တော်တော်များမှာ တော်လှန်ရေး အဖွဲ့တွေရဲ့ ပုံရိပ်ကိုအသုံးချပြီး လုပ်ငန်းရှင်တွေဆီက ဆက်ကြေးငွေသဘောမျိုး ငွေကောက်ခံတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ဒီအပေါ် အမျိုးသားရေးညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်သူတွေသတိထားဖို့နဲ့ လိမ်လည်သူတွေကို အရေးယူသွားမယ်လို့လည်း ပြောထားပါတယ်။

ဓာတ်ပုံ – ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ဖမ်းဆီးခဲ့တဲ့ သန်းထိုက်ဦး (ခ) ငတီး

0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံး၊ စစ်တပ်က ရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ဟုဆို

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးသွားတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ဘီးလင်းနယ်ထဲက ဖိုးဝါးသိမ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။