”ရေဘေးဒုက္ခများကို ပြည်သူများဟာ ဆိုးဝါးစွာ ခံစားနေရတာ စိတ်မကောင်းစွာ မြင်တွေ့နေရ တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာ လောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် တွေကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးဝါးစွာ ရင်ဆိုင်ခံစားနေရတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့နေနေသာသာ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့သာ တာစူနေတွေ့မြင်ရပါတယ်”

၂၀၂၄ ခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားခဲ့သော အထိမ်းအမှတ်မိန့်ခွန်း

0 Shares:
You May Also Like
Read More

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ‌ထက်မနည်းသေဆုံးပြီး လက်နက် ၈လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝမ်ပေါင် ကြေနီးတင်ယာဉ်များအတွက် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ယမားတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သံပြားကာယာဉ် ၄ စီးနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း သံပြားကာယာဉ် ၄ စီးနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ Sharr Htoo Waw နည်းပညာသုံး Fixed Wings Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့ လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါနစစ်ကြောင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး ၂ ယောက် အပါအဝင် အရာရှိနဲ့ စစ်သည် ၆၁ ယောက် အလင်းဝင်ရောက်လာခဲ့ကြောင်း NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ ဇန်နဝါရီလအတွင်း ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၃၅ ယောက်နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၂၆ ယောက် စုစုပေါင်း စစ်ကောင်စီဘက်သား ၆၁ ဟာ  ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။