မိုးကြီးရေလျှံမှုတွေကြောင့် မန္တလေး PDF က ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီးရေလှာင်တမံကို စနစ်တကျ စောင့်ကြည့်နေတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်။
ပြည်သူများဘေးအန္တရာယ်မဖြစ်စေဖို့ အချိန်ပြည့်စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေတွေရှိပါက ပြည်သူတွေကို အသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
ရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ်မှာ (၄၂၀) ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်ထားတယ်လို့လည်းဆိုပါတယ်။
မတ္တရာဒေသကို ထိန်းချုပ်ထားတဲ့ MDY -PDF က မတ္တရာဒေသတွင်းက ရေလှောင်တမံတွေရဲ့ ရေမြင့်တက်လာမှုကိုပါ စနစ်တကျ စောင့်ကြည့်နေခြင်းလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီး ရေလှာင်တမံကျိုးပေါက်မှာကို ဒေသခံအချို့ကစိုးရိမ်ခဲ့ရတဲ့ အပေါ် အခုလို MDY-PDF ကပြန်လည် ရှင်းလင်း ထုတ်ပြန် လာခြင်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်းတွင်းတွင် မြို့တွင်းမြို့ပြင် ကျေးရွာအနှံ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှု ဆိုးရွား များပြားလာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နေပြည်တော် PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွား၊ ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ဦး အလင်းဝင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွားမှုအတွင်း ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ယောက် အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။