ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မူတြော်ခရိုင်အတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပြည်သူ လူထု နေအိမ်တွေနဲ့ စိုက်ပျိုးထားတဲ့ လယ်ယာတွေ ရေနှစ်မြုပ် ပျက်စီးခဲ့ရတဲ့အပြင် မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲတွေလည်း ရင်ဆိုင်နေရပါတယ်။
အခုလို မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ကရင်နီပြည်နယ်ကနေ ဒူးသထူခရိုင် တစ်လျှောက် အိမ်ခြေအဆောက်အဦး (၅၀၀) ထက်မနည်း ရေဘေးသင့်ခဲ့ရပေမယ့် ပြည်သူလူထုသေဆုံးမှုမရှိဘူးလို့ သိရပါတယ်။
မူတြော်ခရိုင်အတွင်းရှိ မြိုနယ် (၃) ခုစလုံးမှာ ဩဂုတ်လနဲ့ စက်တင်ဘာလတို့အတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် စပါးဖျက် ပိုးမွှားများ အများအပြား ကျရောက်ခဲ့ပြီး စပါးတွေကို ဖျက်ဆီးခဲ့တာကြောင့် ဒေသအတွင်း စိုက်ပျိုးသော စပါးခင်းတွေရဲ့ (၅၀) ရာခိုင်နှုန်းထက်မနည်း ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ စပါး ဖျက်ပိုးမွှားတွေကို မနှိမ်နှင်းနိုင်ဘဲ ရှိနေသေးတယ်လို့ KNU က ဆိုပါတယ်။
ဒေသခံ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူတစ်ယောက်က “ ဒီပိုးမွှားတွေက မိုးရေများလာပြီဆိုရင် သူတို့ လည်း များလာပြီး စပါးတွေကို ပိုပြီးဖျက်စီးလာတယ်” လို့ပြောပါတယ်။
လက်ရှိအချိန်မှာ မြစ်ချောင်းတွေနံဘေး စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေရဲ့ တဲတွေမှာလည်း ရေဘေးဒဏ်ကြောင့် ရေထဲမျောပါပျက်စီးခဲ့ရပြီး ဒေသအတွင်းရှိ ပြည်သူတွေ အမိုးအကာနဲ့ အခြေခံစားသောက်ကုန်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ KNU – သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေနစ်မြုပ်နေတဲ့ မြင်ကွင်းများ
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျု‌ခေါင်းဆောင် သီတာယုမွန်နောက်လိုက် ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခမရ (၅၉၁) မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

ပိုမိုအားကောင်းသည့် တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းနေပြီး ဖက်ဒရယ်ယူနစ်များ အားကောင်းခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း NUG ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အပြောင်းအလဲတချို့ လုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ငန်းစဥ်တစ်ခုအနေနဲ့ လုပ်ဆောင်ကာ မိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။