ယခုရက်ပိုင်းအတွင်း ပြည်သူများ ရေဘေးသင့်နေသည့် သတင်းများသည် မြင်ရတွေ့ရ ကြုံရသူများအတွက် စိတ်နှလုံးကို နွမ်းလျစေလွန်းလှသည်။ အတည်မပြုရသေးသော သတင်းများအရ သေဆုံးသူ ရာပေါင်းများစွာရှိပြီး၊ ပျောက်ဆုံးနေသူများလည်း ဒုနဲ့ဒေးပင်။ 

ထိုသို့ သဘာဝဘေးအန္တရယ်ကြောင့် နိုင်ငံအရေးပေါ် အခြေအနေဖြစ်နေချိန်မျိုးတွင် နိုင်ငံ၏အာဏာကို လက်နက်နှင့်အဓမ္မလုယူထားသည့် အကြမ်းဖက်စစ်တပ်ကတော့ ၄င်းတို့နှင့် မဆိုင်သလို … အေးအေးလူလူပင်။ ပြည်သူများ သေကြေပျက်ဆီးနေခြင်းသည် ၄င်းတို့အတွေးဝယ် မြူမှုံတစသဖွယ်ပင်မရှိ။ ပြည်သူများ ရေဘေးကြုံနေသည်ကို အခွင့်ကောင်းယူ၍ လေကြောင်းတိုက်ခိုက်မှုများကို ပိုတိုး၍ပင်လုပ်ဆောင်နေသေးသည်။ ပြည်သူ ဒုက္ခရောက်လေလေ… ၄င်းတို့အား ပြန်မတော်လှန်နိုင်လေလေ ဟု ၄င်းတို့မှတ်ယူထားသည် မဟုတ်ပါလား။

တရားမဝင် အာဏာသိမ်းယူမှုဖြစ်ပွားခဲ့အပြီး နိုင်ငံ၏ အဓိကနေရာများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် စစ်တပ်သည် ယခုရေဘေးတွင်လည်း ပြည်သူများအတွက် ကောက်ရိုးတစ်မျှင်ပင် ဖြစ်မလာခဲ့ပေ။ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ပြည်တွင်းစစ်နှင့်အတူ စီးပွားရေး ပညာရေး ကျန်းမာရေး အဖက်ဖက်က ထိခိုက်ဆုံးရှုံးလာရသည့်ဒဏ်ကို ရင်စည်းခံနေရသည့် ပြည်သူများအတွက်တော့ စစ်တပ်သည် မကောင်းဆိုးဝါးထက်ပင် အဆမတန်  ပိုမိုဆိုးရွားလှသည့် မိစ္ဆာကောင်သက်သက်သက်မျှသာ ဖြစ်သည်။

နိုင်ငံအဆင့် အကူအညီများဖြင့် ကူညီကယ်ဆယ်ရမည့် ယနေ့အရေးပေါ်အခြေအနေဆိုးတွင် နိုင်ငံ့အာဏာနှင့်ယန္တရားများကို လုယူထားသည့် စစ်တပ်ကဦးဆောင်ပြီး ပြည်သူတွေကို ကယ်ဆယ်နေသည်ဆိုသည့် သတင်းများက မူးလို့ရူစရာပင်မရှိ ဆိုသလို … နတ္ထိ။ တချိန်တည်းမှာပင် စစ်တပ်၏ ကြေးမှုံ မြန်မာ့အလင်း သတင်းစာများအား ဖတ်ကြည့်မည်ဆိုပါက နိုင်ငံသည် သဘာဝဘေးအန္တရယ် တကယ်ပင် ကြုံတွေ့နေရဲ့လားလို့ပင် တွေးတောချင်စရာ၊  အရာရာအားလုံးသည် ပုံမှန်… ပုံမှန်…။

အရေးပေါ်အခြေအနေဆိုသည် MRTV မှ ‌ဆောင်ရန် ရှောင်ရန် သဘောပါသည့် သတင်းတစ်ပုဒ် ထုတ်ပြန်ရုံလောက်နှင့် ပြီးသွားမည် မဟုတ်။ ယင်းကလေးကလား လုပ်ရပ်များသည် ယနေ့ IT ခေတ်တွင် အသုံးမဝင်တော့ပေ။ လက်တွေ့မြေပြင်တွင် ဆင်းရဲဒုက္ခဝေနေသည့် ပြည်သူအချင်းချင်းကသာ ပြန်လည်ကူညီ ကယ်ဆယ်နေရသည့်မြင်ကွင်းများကို ဆိုရှယ်မီဒီယာများတွင် အဆက်မပြတ်  မြင်တွေ့နေရသည်လောက် ဝမ်းနည်းဖွယ်ကောင်းသည် မရှိ။

ယနေ့အဖြစ်အပျက်များသည် ၄င်းတို့အာဏာကို ဝင်ရောက်စွက်ဖက်မည်စိုး၍ ထိုစဥ်က စစ်ခေါင်းဆောင်သန်းရွှေဦးဆောင်သည့် စစ်တပ်က နိုင်ငံတကာအကူအညီ ဝင်ခွင့်ကို ပိတ်ပင်ခဲ့သည့်အတွက် လူသိန်းနှင့်ချီ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်းအား အမှတ်ရစေသည်။ မြန်မာစစ်တပ်ဆိုသည်ကား ပြည်သူဘယ်လောက်သေသေ ၄င်းတို့အာဏာတည်မြဲရေးသည်သာ အဓိက မဟုတ်ပါလား။

ဂျပန်ဖက်စစ် စစ်တပ်၏ အကူအညီဖြင့် စတင်တည်ထောင်ခဲ့သော မြန်မာစစ်တပ်သည် ထိုစဥ်ကတည်းကပင် ဖက်စစ်စိတ်ဓတ်သန္ဓေဆိုး ပါလာခဲ့ပြီးဖြစ်သည်။ ယင်းဖက်စစ်စိတ်ဓတ်သန္ဓေယုတ်ကို လွတ်လပ်ရေးရအပြီးတွင် မဖယ်ရှားနိုင်ခဲ့ခြင်း သို့တည်းမဟုတ် ထိုစဥ်က ပါလီမန်ခေတ်နိုင်ငံရေးခေါင်းဆောင်များက မဖယ်ရှားလိုခြင်း …….. တို့ကြောင့်၊ အာဏာရှင်နေဝင်းလက်ထဲ အာဏာရောက်ပြီး ၁၉၅၈ နောက်ပိုင်း ယနေ့အချိန်ထိ မြန်မာစစ်တပ်သည် ပြည်သူများအပေါ် ဖက်စစ်အမြင်၊ ဖက်စစ်အတွေးအခေါ်  ဖက်စစ်လုပ်ပုံလုပ်နည်းများဖြင့်သာ တစိုက်မတ်မတ် နှစ်ပေါင်း ၆၀ ကျော်ဖိနှိပ်ပြုမူ ဆက်ဆံနေခဲ့ခြင်းများသည် သမိုင်းကြောင်းအရ အံ့ဩဖွယ်ရာမဟုတ်ပေ။

လက်ရှိ မြန်မာပြည်၏ နိုင်ငံရေး၊ လူမျိုးစုအရေး၊ လူမှုရေး စီးပွားရေး … နှင့် ပတ်သက်သည့် ပြသနာအားလုံး၏ ဇစ်မြစ်သည် ဖက်စစ်စစ်တပ်ဆိုသည်ကို ပြည်သူများ ရှင်းရှင်းလင်းလင်း သိမြင်လာကြပြီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် ပြည်သူကို ပြည်သူလို့ မမြင်ခဲ့သည့်၊ အာဏာတည်မြဲရေးအတွက် ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓတ်ဖြင့် အပြုံးမပျက်ခဲ့သည့် ဖက်စစ်စစ်တပ်ကို အမြန်ဆုံး အပြီးတိုင် အမြစ်ပြတ် ချေမှုန်းခြင်းသည်သာလျှင် လက်ရှိမြန်မာနိုင်ငံပဋိပက္ခများအတွက် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

0 Shares:
You May Also Like
Read More

ယနေ့ကျရောက်သော နှစ်သစ်အခါသမယမှသည် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် [မြန်မာနှစ်ဆန်း ၁ ရက်၊ ၁၃၈၇ ခုနှစ်]

ဒီနှစ် အတာသင်္ကြန်ကာလဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများအတွက် ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 
Read More

မြန်မာစစ်တပ်အတွက် ဖျောက်ဖျက်မရတော့သည့် ရှက်စရာအကောင်းဆုံး နေ့ရက်

တရုတ်၏ မြန်မာ့အရေး ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်မှု ရလဒ်အနေဖြင့် ကိုးကန့် MNDAA တပ်များ ယခုရက်ပိုင်းအတွင်း  လားရှိုးမြို့မှ အပြီးတိုင်ပြန်လည်ထွက်ခွာရတော့မည်ဖြစ်သည်။ မြေပြင်တွင်လည်း ပြီးခဲ့တဲ့ရက်ပိုင်း‌များကစ၍ MNDAA တပ်သားများ ကားကြီးကားငယ်အသွယ်သွယ်နှင့် သိန္ဒီမြို့ဖက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး၊ ဌာနဆိုင်ရာအဆောက်အအုံများတွင် လွှင့်ထူထားသည့် MNDAA အလံများကိုလည်း ပြန်လည်ဖြတ်ချသွားခဲ့ပြီဖြစ်သည်။  
Read More

အမှောင်ဆုံးကာလကို ကျော်လွန်ဖြတ်သန်းနေသည့်အချိန် (အယ်ဒီတာအဖွဲ့)

ယနေ့‌နေ့လယ်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားသော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံ နေရာတော်တော်များများတွင် ထိခိုက်သေကြေဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် လွန်စွာမှပင် ဝမ်းနည်ကြေကွဲမိပါသည်။
Read More

လူမဆန်ပြီး၊ သူရဲဘောကြောင်လွန်းသည့် စစ်ရာဇဝတ်မှုများအတွက် အမိန့်ပေးသူရော နာခံကျူးလွန်သူများပါ ကြီးလေးသည့်ပြစ်ဒဏ်မှ ရှောင်လွှဲ၍ ရမည်မဟုတ်

ယနေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ရသည်။ ပြင်းထန်ဒဏ်ရာရသူ အများအပြားလည်းရှိနေပြီး၊ သေဆုံးသူဦးရေတိုးလာမည်ကို စိုးရိမ်‌နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။