ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဖူးခက် (Phuket) ခရိုင်အတွင်း ရွာကိုးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုပ်အလောင်း ၁၂ ခုထက်မနည်း ရှာဖွေတွေ့ရှိထားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ထိခိုက်သေဆုံးမှုအများစုဟာ ကရွန်ခရိုင်ခွဲအတွင်းမှာဖြစ်ပြီး အိမ်ခြေ ၁၁၄ လုံး ပျက်စီးခဲ့ကာ လူ ၃၈၀ ကျော် ထိခိုက်ခဲ့ပါတယ်။
ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်း ၁၂ လောင်းကို မည်သူမည်ဝါ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေမဲ့ သေဆုံးသူအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ရုရှားနိုင်ငံသားလို့ ယူဆရသူ ၁-၂ ဦးလည်း ပါဝင်နေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ပြောဆိုချက်ကို Thai PBS သတင်းက ဖော်ပြထားပါတယ်။
Khaosod သတင်းရဲ့ ဖော်ပြချက်ထဲမှာတော့ ဖူးခက်မြို့ရဲ့ မြေပြိုမှုဖြစ်စဉ်အတွင်းကနေ သေဆုံးသူ ၁၃ ဦးအထိရှိနေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် သြဂုတ် ၂၄ ရက်မှာ တွေ့ရှိခဲ့တဲ့ အလောင်း ၃ လောင်းထဲမှာ မြန်မာနိုင်ငံသား စုံတွဲတတွဲပါဝင်ကြောင်းကို အာဏာပိုင်တွေက ဆွေမျိုးဖြစ်သူတွေကို ဖိတ်ခေါ်အတည်ပြုခဲ့ကြောင်း၊ နောက်ထပ် မြန်မာနိုင်ငံသား သက်ကြီးအမျိုးသမီးကတော့ ကျန်းမာရေးကြောင့် အိပ်ယာထဲလဲနေသူဖြစ်ပြီး အငှားအိမ်ထဲမှာပဲ မြေပိသွားခဲ့ကြောင်း Khaosod က ဖော်ပြထားပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်တဲ့ Kusoldharm Phuket ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေက ရုပ်အလောင်းတွေအားလုံးကို Vachira Phuket ဆေးရုံဆီ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။
ထိုင်းအိမ်စောင့်အစိုးရ ပြည်ထဲရေးဒုဝန်ကြီး Chada Thaised က ဩဂုတ်လ ၂၃ ရက်နေ့မှာ ရေဘေးသင့်ရွာသားတွေကို သွားရောက်တွေ့ဆုံခဲ့ပြီး ရွှံ့မြေပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။
လွန်ခဲ့တဲ့ နှစ်လတုန်းကလည်း ဖူးခက်မှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဝန်ကြီးချုပ်ဟောင်း Srettha Thavisin က ဩဂုတ်လထဲမှာပဲ ဖူးခက်ခရိုင်ထဲသွားရောက်ကာ ရွှံ့နွံပြိုကျမှုကို ကာကွယ်ဖို့ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
သဘာဝသယံဇာတရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Phichit Sombatmak ကတော့ ဖူးခက်ရဲ့ မြေမျက်နှာသွင်ပြင်ဟာ အများအားဖြင့် မတ်စောက်တဲ့တောင်တွေနဲ့ ကျဉ်းမြောင်းတဲ့လျှိုတွေလိုမျိုး ဖြစ်နေပြီး မိုးသည်းထန်စွာရွာသွန်းတဲ့အခါတိုင်း မြေပြိုကျမှုဒဏ်ကို ခံနိုင်ရခြေရှိကြောင်း ရှင်းပြထားပါတယ်။ ဒါ့အပြင် မြေယာဖွံ့ဖြိုးရေးအဖြစ် သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတာကြောင့် တောင်တွေကနေ မြေပြိုရခြင်းဖြစ်ကြောင်းလည်း သူက ပြစ်တင်ထားပါတယ်။
Ref: Khaosod(Eng)
0 Shares:
You May Also Like
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

ဘန်ကောက်က တရားမဝင် ဘားတခုကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ မူးယစ်ဆေး သုံးထားတဲ့ မြန်မာ ၄၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ မွေးနေ့ပါတီအတွက် စုဝေးနေကြတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးကို မူးယစ်ဆေးသုံးပြီးအခြေအနေနဲ့ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

ကုလသမဂ္ဂသံတမန်တွေကို NUG လူ့အခွင့်အရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရှင်းလင်းပြောကြား

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

မယ်စဲ့အကျဉ်းထောင်က ထွက်ပြေးသည့် စစ်သုံ့ပန်း ၃၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက် မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ  ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေထဲက အယောက် ၃၀ ကျော်ကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အတွင်းမှာ ထပ်မံဖမ်းဆီးရမိထားတယ်လို့ ထိုင်းသတင်းဌာနတွေကနေ ဖော်ပြကြပါတယ်။