တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံ Oldenburg International Film Festival က ပေးအပ်တဲ့ ဒီဆုဟာ အနုပညာတီထွင်ဖန်တီးမှုအရ ထူးချွန်ပြောင်မြောက်ရုံတင်မကဘဲ မြန်မာနိုင်ငံရဲ့ လူထုတော်လှန်ရေးအတွင်းမှာ ပြည်သူတစ်ရပ်လုံးနဲ့အတူ ထိပ်ဆုံးကနေ ရပ်တည်တွန်းလှန်နိုင်နေတဲ့ အနုပညာရှင်တွေအဖြစ် ဂုဏ်ပြုပေးအပ်တာလည်း ဖြစ်ပါတယ်။
ဒီဂုဏ်ထူးဆောင်ဆုကို ၁၉၉၄ ခုနှစ်ကတည်းက ပေးအပ်ချီးမြင့်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နယ်ပယ်အသီးသီးက ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို နှစ်စဥ်ရွေးချယ်ပေးအပ်ခဲ့ရာမှာ ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံက ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ ရွေးချယ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါရိုက်တာဏကြီး ဖန်တီးရိုက်ကူးထားပြီး သရုပ်ဆောင်ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တချို့ဟာလည်း နိုင်ငံတကာ ရုပ်ရှင်ရှင်ပွဲတော်တွေမှာပြသဖို့ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။
အထူးသဖြင့် “What happened to the wolf ”၊ “မီ” ရုပ်ရှင်တွေနဲ့အတူ တော်လှန်ရေးကာလအတွင်း ရိုက်ကူးပုံဖော်ထားတဲ့ “နိုင်ငံပျောက်သူ”၊ “မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်”၊ “Guilt” ဇာတ်ကားတိုတွေကို Oldenburg ရုပ်ရှင်ပွဲတော်အတွင်းမှာ ပြသဖို့ရှိတယ်လို့ သိရပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနဲ့အတူ ရပ်တည်ခဲ့ကာ စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကာ တော်လှန်ရေးအတွက် အနုပညာနဲ့ ကူညီအားဖြည့်နေသူတွေပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

ဩစတေးလျနှင့် တောင်ကိုရီးယားတွင် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုများ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မကြာခင် ကျရောက်တော့မယ့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုကို ပြည်ပရောက်မြန်မာတွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်သည့် နည်းပညာကို တရုတ်ကုမ္ပဏီ စစ်တပ်ထံ ရောင်းချ

အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

သန္တာကျောက်တန်းများ ဝင်တိုက်ခဲ့သည့် မြန်မာစက်လှေကို ထိုင်းဘက်မှ ဘတ် ၁၂ သန်း လျော်ကြေးတောင်း

ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။