မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို အကောင်းဆုံး အကာအကွယ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မယ့် မစ္စမာကျားရဲ့ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
“မြန်မာနိုင်ငံဘက်က မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပေး၍ နှစ်ဦးနှစ်ဖက်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းသောပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်တယ်“ လို့ မင်းအောင်လှိုင်ရဲ့ ပြောကြားမှုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာတာပါ။
မင်းအောင်လှိုင်ထံ သြဂုတ် ၂၁ ရက်က နေပြည်တော်မှာ တရုတ်သံအမတ်အသစ်က ခန့်အပ်လွှာ လာရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
တရုတ်စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီ့ထက်မက လုံခြုံဘေးကင်းတဲ့ ပတ်ဝန်းကျင်မျိုးဖန်တီးပေးဖို့ လိုအပ်ကြောင်း ဩဂုတ် ၂၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ တော်လှန်ရေးအင်အားစုတွေက တရုတ်စီမံကိန်းတချို့ကို ထိန်းချုပ်ထားသလို တချို့နေရာတွေမှာလည်း တိုက်ပွဲတွေပြင်းထန်လျက်ရှိပြီး စစ်တပ်ဟာ တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ၁၀ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အ၀ထိန်းချုပ်ထားနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar) က ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာ့အရေးကို တခြားနိုင်ငံတွေထက် ပိုမိုပြီး အမြန်ဆုံးပြေလည်စေလိုတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Photo- တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားတဲ့ အယ်ဖာဘိလပ်မြေစက်ရုံ
0 Shares:
You May Also Like
Read More

တိုက်ပွဲနှင့် နီးကပ်လာသည့် ကျောက်ဖြူစီမံကိန်းမှ စစ်ကောင်စီ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေ

တိုက်ပွဲတွေနဲ့ နီးကပ်လာနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူစီမံကိန်းကနေ အာဏာသိမ်း စစ်ကောင်စီဟာ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေဆဲ ဖြစ်တယ်လို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက ပန်နီဆူလာဟိုတယ်စီမံကိန်း ရပ်ဆိုင်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ငွေ အားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်

ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး ကျောင်းကားတွေ မထွက်နိုင်တော့လို့ ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရ…

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး စျေးနှုန်းမြင့်တက်လာသလို ဝယ်ယူရတာပါ ခက်ခဲလာတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်းတွေဆီက သိရပါတယ်။