မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop ဟာ တရုတ်နိုင်ငံမြို့တော် ဘေကျင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ရောက်ရှိစဉ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသံတမန်တို့တွေ့ဆုံခဲ့မှုက သတင်းစကားတချို့ကို တရုတ်နိုင်ငံပိုင် သတင်းဌာန CGTN က ဖော်ပြလာတာပဲ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုမှာ ဝမ်ယိက မြန်မာ့အရေးမှာ အကောင်းဆုံးသော အခြေအနေတစ်ခုကို ရောက်ရှိဖို့ ကြိုးပမ်းနေပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို အခြားသောနိုင်ငံတွေထက် တရုတ်က ပိုမိုလိုလားတယ်လို့ မြန်မာ့အရေးကိုယ်စားလှယ် ကုလသံတမန်ကို သတင်းစကားပေးခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဝမ်ယိတို့ နေပြည်တော်မှာ တွေ့ဆုံအပြီး ကုလကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ်မှာ မြန်မာ့အရေးကို ပြောကြားလိုက်တာပါ။
မြန်မာကိစ္စဖြေရှင်းရာမှာ သဘောတူမျှတမှုရရှိအောင် တရုတ်၊ အာဆီယံတို့ နဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စ ဂျူလီဘစ်ရဲ့ ပြောကြားမှုကို တရုတ်နိုင်ငံပိုင် သတင်းဌာန CGTN က ဖော်ပြထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဖိလစ်ပိုင်မှာ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီလ (၂၁) ရက်က ကျင်းပတဲ့ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။