မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
စားသုံးဖို့မသင့်ကြောင်း ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ အသင့်စားမုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသင့်စားဟင်းလျာတချို့ အဓိကပါဝင်လာပြီး စားသုံးနိုင်မှုအဆင့်မှာ ဘေးကင်းလုံခြုံမှုမရှိတာကြောင့် ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။
စားသုံးဖို့ မသင့်လျော်တဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ အဖွားလက်ရာ စည်သွတ်ဘူးဟင်းလျာတွေ၊ စံပြဒေါ်ကြည်နဲ့ ထိမိဂွိ မုန့်ဟင်းခါးတို့ အဓိကပါဝင်ပြီး မူလကတည်းက ဒီပစ္စည်းတွေကို တင်သွင်းခွင့်မပြုထားပေမယ့် စျေးကွက်ထဲကို နည်းလမ်းအမျိုးမျိုးနဲ့ ရောက်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်ကို ကြက်သားနဲ့ အသားထွက်ပစ္စည်းတွေ တင်သွင်းခွင့်မရှိတဲ့ နိုင်ငံဖြစ်ပြီး ဒီပစ္စည်းတွေ ဝင်ရောက်လာမှုကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
အခုကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ အမေရိကန်ရောက်မြန်မာတချို့က ပြန်လည်တဆင့်ခံ ရောင်းချနေတာဖြစ်ပြီး လတ်တလောအချိန်အထိတော့ မြန်မာအများစု ဝယ်ယူစားသုံးနေဆဲဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာတစ်ယောက်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

 

0 Shares:
You May Also Like
Read More

Star City စီမံကိန်းအတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ငွေကြေးများ လက်ခံအသုံးပြုခဲ့ခြင်းမရှိဟု ရိုးမအုပ်စုငြင်းဆို

အွန်လိုင်းလိမ်လည်စင်တာတွေက ရာဇဝတ်လုပ်ငန်းဝင်ငွေတွေကို စီမံကိန်းချဲ့ထွင်ရာမှာ ရန်ပုံငွေအဖြစ် အသုံးမပြုခဲ့ကြောင်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် မစ္စတာဆာ့ဂျ်ပန်း တည်ထောင်ထားတဲ့ Yoma Strategic Holdings က ငြင်းဆိုလိုက်ပါတယ်။
Read More

ပဋိပက္ခနဲ့ ရေကြီးမှုကြောင့် မြန်မာ့စီးပွားရေး ထပ်ကျုံ့နိုင်ဟု ကမ္ဘာ့ဘဏ် ပြော

ပဋိပက္ခနဲ့ ရေကြီးနစ်မြုပ်မှုကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာပြည်ရဲ့စီးပွားရေးဟာ ယခင် ခန့်မှန်းချက်လိုမဟုတ်ဘဲ ထပ်ပြီးကျုံ့သွားဦးမယ်လို့  ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကမြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကို အထိနာနိုင်ဟုဆို

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
Read More

တရုတ်စီမံကိန်းတွေကို အကောင်းဆုံး ကာကွယ်ပေးသွားမယ်လို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး..မြေပြင်မှာ တရုတ်စီမံကိန်းအများစု တော်လှန်ရေးအဖွဲ့တွေ လက်ထဲရောက်ရှိနေ..

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို အကောင်းဆုံး အကာအကွယ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မယ့် မစ္စမာကျားရဲ့ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာတွင် စစ်တပ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇၅ ရာခိုင်နှုန်းထိ ကျဆင်းသွား

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)  လေးပုံ သုံးပုံခန့် ထိုးဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံကျော်သာ ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။