ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်ညပိုင်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အပ်ငွေများအပေါ် အတိုး ၉ ရာခိုင်နှုန်းနဲ့ ချေးငွေများအပေါ် အတိုးနှုန်း ၁၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်တာပါ။
အတိုးနှုန်းတွေ တိုးမြှင့်လိုက်ရခြင်းဟာ လတ်တလော ငွေကြေးဖောင်းပွမှုကို လျော့ကျစေဖို့လို့ ရည်ရွယ်တော့လည်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အဆိုပါ အတိုးနှုန်းတွေအတိုင်း လိုက်လံဆောင်ရွက်ပါက အဆင်မပြေနိုင်ကြောင်း လုပ်ငန်းရှင်တွေကဆိုပါတယ်။
အပ်ငွေကို အတိုးနှုန်းမြှင့်လိုက်ခြင်းက ဘဏ်တွေအတွက် အတိုးပေးရမှာ ပိုမိုခက်ခဲစေနိုင်ပြီး ချေးငွေကို အတိုးနှုန်းမြှင့်လိုက်ခြင်းက ချေးငွေယူထားသူ လုပ်ငန်းရှင်တွေအတွက် ပိုပြီး ခက်ခဲသွားလို့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကို အဆိုးဆုံးဖြစ်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
မြန်မာနိုင်ငံကလုပ်ငန်းရှင်အများစုဟာ ပုဂ္ဂလိဘဏ်တွေကနေ နှစ်စဉ်ချေးငွေတွေယူကာ လုပ်ငန်းတွေကိုအများဆုံးလည်ပတ်နေရတာကြောင့် လတ်တလောမြှင့်တင်လိုက်တဲ့ အတိုးနှုန်းကြောင့် အခက်အခဲတွေ ရှိနိုင်တယ်လို့ သိရပါတယ်။
အပ်ငွေအပေါ် အတိုးနှုန်းတိုးမြှင့်မှုဟာ ငွေကြေး တန်ဖိုးကျမှုနဲ့ ဖောင်းပွမှုကို အထိုက် အလျောက် တားဆီးနိုင်ပေမယ့် စားသုံးသူများ၏ သုံးစွဲမှုများကို လုံး၀ နှေးကွေးသွားစေကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
0 Shares:
You May Also Like
Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား လက်မှတ်ထိုး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး ကျောင်းကားတွေ မထွက်နိုင်တော့လို့ ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရ…

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး စျေးနှုန်းမြင့်တက်လာသလို ဝယ်ယူရတာပါ ခက်ခဲလာတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်းတွေဆီက သိရပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပဋိပက္ခနဲ့ ရေကြီးမှုကြောင့် မြန်မာ့စီးပွားရေး ထပ်ကျုံ့နိုင်ဟု ကမ္ဘာ့ဘဏ် ပြော

ပဋိပက္ခနဲ့ ရေကြီးနစ်မြုပ်မှုကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာပြည်ရဲ့စီးပွားရေးဟာ ယခင် ခန့်မှန်းချက်လိုမဟုတ်ဘဲ ထပ်ပြီးကျုံ့သွားဦးမယ်လို့  ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
Read More

မုတ္တမပင်လယ်ကွေ့မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အကြမ်းဖက်စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်လက်နက်ဝယ်ယူဖို့နှင့် နိုင်ငံရေးအရ ထွက်ပေါက် ရှာခြင်းသာဖြစ်သည်ဟု NUG ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။