Read More

လက်ရှိစနစ်အား ပြုပြင်ပြောင်းလဲမည် ဖြစ်သောကြောင့် လူကြိုက်များသည့် ပေါကားများ မရိုက်ဟု ဦးကိုကိုကြီး ပြောကြား (ရုပ်သံ)

ခေတ်ဆိုးစနစ်ဆိုးထဲမှာ လူကောင်းတွေနဲ့ ပေါင်းပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ထား တဲ့အတွက် လူကြိုက်များတဲ့ နိုင်ငံရေးပေါကား မရိုက်ဘူးလို့ ပြည်သူ့ပါတီ ဉက္ကဋ္ဌ ဦးကိုကိုကြီးက လူမှုကွန်ရက်က တဆင့် ပြောကြားခဲ့ပါတယ်။
Read More

မြိုင်မြို့နယ် ရဲစခန်းကို ၂ ရက်ဆက်တိုက် ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ သေဆုံး ထိခိုက်မှု ရှိ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်သားတွေ သေဆုံး မှုရှိခဲ့တယ်လို့ Salingyi Revolution Army က သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ် မီးရှို့၊ နေအိမ် ၇၅ လုံး မီးလောင် ပျက်စီးပြီး အဘွားအို ၁ ဦး မီးလောင် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက် ခဲ့တာကြောင့် အိမ် ၇၅ လုံး မီးလောင်ပျက်စီးပြီး အသက် (၇၀)အရွယ် အဘွားအို  တစ်ယောက် မီးလောင် သေဆုံး ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။ 
Read More

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနှင့် အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် နေရာများကို ဒရုန်းဗုံးကြဲပြီး ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်က မဲရုံနေရာနဲ့ အကြမ်းဖက် စစ်သားတွေ တပ်စွဲထားတဲ့နေရာ တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Thanlarwaddy Column - BLDF မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စွဲထားတဲ့ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force မှ သတင်းထုတ်ပြန်ထား ပါတယ်။ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြင်းမူမြို့နယ် အလ္လကပ္ပရွာ ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲ နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ အလ္လကပ္ပရွာ အရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်မှာ အထိုင်ချထား တဲ့ အကြမ်းဖက်စစ်သားတွေကို Fixed wing drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က‌‌ လေကြောင်းကနေ ဗုံးကြဲ၊ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်ကျေးရွာရှိ မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRF ထံက သိရပါ တယ်။ ယနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက အရာတော်မြို့နယ် ကန်ရင်း‌ကျေးရွာရှိ မူကြိုကျောင်းအား တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

သိမ်းပိုက်ခဲ့ပြီးဖြစ်တဲ့ ဖလမ်းမြို့ ခလရ-၂၆၈ စခန်းကုန်းကို ဗျူဟာကျ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် CNDF ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၈ တပ်ကုန်းကို တော်လှန်ရေးရဲဘော်တွေ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Chin National Defense Force မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက ဆက်သွယ်ရေးမြောင်နဲ့ ဗုံးခိုကျင်း အများအပြား တူးကာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအနီး ချည်းကပ်နေကြတာကို တွေ့မြင်ရပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းကျင်းပပြီးစီး (ရုပ်/သံ)

အင်းလေးဒေသကို အခြေခံဖွဲ့စည်းထားတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်ကို ခုခံကာကွယ်ရင်း တစ်ဖက်မှာလည်း တပ်တည်ဆောက်ရေး မူ (၅) ချက်ကိုင်စွဲကာ တပ်ရင်းကို စနစ်တကျပြန်လည်တည်ဆောက်ခဲ့ပြီး ''တိုက်ရင်း လေ့ကျင့်၊ လေ့ ကျင့်ရင်းတိုက်''ဆိုတဲ့ မူကိုစွဲကိုင်ကာ နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများအား မွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ် အတွင်းရှိ စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်း အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်၊ စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ Wetlet Informational Network  က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

တောင်တွင်းကြီး မြို့နယ်အတွင်း ဆက်ကြေး ကောက်ပြန်လာသည့် စစ်ကော်မရှင် တပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပျဉ်းချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား တွေ ဆက်ကြေးကောက်ပြီး အပြန်လမ်းမှာ တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီက ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။