Read More

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစာရေး ၁ ဦးဖမ်းဆီးမိ (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ စစ်ကော်မရှင်ရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်မင်းသူကို အရှင်ဖမ်းမိခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်းမှ ယနေ့သတင်း ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၈ ရက်နေ့က နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကို အရှင်ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ စာရင်းတချို့ကို အမှတ် ၉၀၃ တပ်ရင်းတာဝန်ရှိသူမှာ အကြီးတန်းစာရေး မောင်မင်းသူကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွေသယ်ဆောင်ပြီး ထွက်လာတဲ့ တွဲကား ၂၃ စီးကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ Jummer ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောတောင်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးမိ (ရုပ်သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကို CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်သုံ့ပန်းတွေအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။
Read More

ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြားသေဆုံး၊ လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ သ်ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တပ်မ ၃၃ စစ်ကြောင်းကို စစ်ကြောင်းပြုတ် တိုက်ခိုက်နိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့  အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ တပ်မ (၃၃) စစ်ကြောင်းမှူးအပါအဝင် စစ်သားအယောက် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။