Read More

ပုလောမြို့နယ်အတွင်း မိုင်းနင်းမိ၍ အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း KNLA အထူးတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းနင်းမိပြီး အကြမ်းဖက်စစ်တပ်အရာရှိ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ 
Read More

SOUTHERN YSO PDF တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

တပ်ဖွဲ့ဝင်များရဲ့ စစ်ရေးစွမ်းရည်၊ စည်းကမ်းလိုက်နာမှုနှင့် နိုင်ငံရေးခံယူချက်များကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး အပတ်စဉ် ၉/၂၀၂၆ အခြေခံစစ်သင်တန်းနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ SOUTHERN YSO PDF တပ်ဖွဲ့မှ  ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်က အင်အား ၁၀၀ ခန့်ရှိသည့် စစ်အုပ်စု တပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုတပ်စခန်းကို ဒရုန်းတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့က ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ဖိလစ်ပိုင်မြို့တော်ဝန် စီးနင်းလာသည့် ကား RPG နှင့် ပစ်ခတ်ခံရ (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ ရှရစ်ဖ်အဂူအတ်မြို့တော်ဝန် အက်မဒ် မီထရာ အမ်ပါတွာန် စီးနင်းလာတဲ့ ကားကို  ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက လက်နက်ကိုင်လူတစ်စုက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဲဆောက်တွင် သေနတ်ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိကို ကျူးလွန်သူ၏ မိသားစုနှင့် မိတ်ဆွေများက သွားရောက် တောင်းပန် (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကို ကျူးလွန်ခဲ့သူ မြန်မာလူငယ်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ကို ခြိမ်းခြောက်နိုင်တဲ့ တပ်ရင်းဖြစ်ဖို့ မအူပင်ခရိုင် အမှတ်-၁ တပ်ရင်းမှ ပြည်သူလူထုရဲ့ တွန်းအားကို တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ခြိမ်းခြောက်နိုင်တဲ့ တပ်ရင်းဖြစ်ဖို့အတွက် ပြည်သူလူထုရဲ့ တွန်းအား လိုအပ်နေတယ်လို့ မအူပင်ခရိုင် အမှတ်-၁ တပ်ရင်းက ဆိုလာပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ကျေးရွာ အကြမ်းဖက်စစ်အုပ်စုအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ စစ်သား အများအပြားသေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ကျေးရွာ အကြမ်းဖက်စစ်အုပ်စုအထိုင် စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Bamar Army ကဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာသတင်းထုတ်ပြန် ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု အထိုင်ချစခန်းများကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတပ်စွဲထားတဲ့ အထိုင်ချ စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာကြသည့် Bamar Army ရဲဘော်များကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးမှာ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ပြန်လာကြတဲ့ ရဲဘော်တွေကို    ရဲ‌ဘော် ရဲဘက်တွေနဲ့ မိသားစုဝင်တွေက ဝမ်းသာပျော်ရွှင်စွာ ကြိုဆိုခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ဗမာ့တပ်တော် Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းနှင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဒါးကျွန်းကျေးရွာနဲ့ ပတ္တာကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။