Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားများပါလာတဲ့ ကားကို တိုက်ခိုက်ပြီး အကျဥ်းသား ရဲဘော် ၁ ဦးကို PDF များ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင်လာတဲ့ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ပြီး အကျဥ်းသား တော်လှန်ရေး ရဲဘော် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျရောက်ခဲ့သည့် မှတ်တမ်းရုပ်သံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိသားစုနဲ့ကွဲပြီး အာဟာရပြတ်နေသည့် အဘွားအိုကို PDF ရဲဘော်များ ဘေးကင်းရာသို့ ပို့ဆောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

မြို့သာရဲစခန်းမှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်မှုရှိခဲ့သလို တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ က ထုတ်ပြန်ထားပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!”

“အဲ့ဒါ ထွက်ပေါက် မဟုတ်ဘူး၊ အဲ့ဒါ ထောင်ခြောက်ကြီး!” “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!” “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်” “မဲမပေးနဲ့၊ သပိတ်မှောက်!” “လူရွေးမှားနေတုန်းလား? ဒီတစ်ခါ မှားရင် နှစ် ၅၀ လောက် ထပ်ကြာသွားမယ်!”
Read More

မြင်းခြံမြို့နယ်အတွင်း ဂိတ်စခန်းချထားတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

မန္တ‌လေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ်ဂိတ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Myaung Drone Force M.D.F မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာ ကြားရှိ အင်အား ၁၅ ဦးခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ သင်တန်းသားရဲဘော် သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေဟာ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးအထူးကောင်းမွန်သူ၊ ပေး အပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။ ထောက်ပို့ရန် နှင့် ရဲဘော်သစ် လျှောက်ထားလိုသူတွေအနေနဲ့ တယ်လီဂရမ် - t.me/ssndfbb103 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတ်။