Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

ထန်တလန် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ GTC တွင် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားများ ဝင်‌ရောက်ပစ်ခတ်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းမျိုးဆက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ချဖို့ ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် သေဆုံးခဲ့ရတဲ့ စစ်ကော်မရှင်တပ်သားများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေကို လက်နက်ချဖို့ PDF ရဲ‌ဘော်တွေက ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ ကျန်ရစ်ကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကားဖြင့်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ ၃ ဦး ဖမ်းမိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကား ၂ စီးနဲ့ လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးပြီး ၃ ယောက်ကို အရှင်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့် ပေါက်နယ်အစပ်တွင် စက်တပ်လေထီး လာရှာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ် ၃ ဦး အလင်းဝင် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်မှာ ပစ်ချခဲ့ရတဲ့ စက်တပ်လေထီးကို လာရှာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးကာ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် ၃ ယောက် လက်နက်နဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်း၊ စစ်ကြောင်းများကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၅ ဦး သေပြီး ပျူ ၂ ဦး ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။