Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Defense Organization - Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက နတ်မောက်ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီး လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေး စီးနင်းလာတဲ့ ကား ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အရာရှိ အပါအဝင် စစ်အုပ်စုဝင် ၉ ဦး သေဆုံး၊ ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်များ ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ်မှာ စစ်သုံ့ပန်း ၂ ဦး သေနတ်လုထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ရေတာရှည်မြို့မှာပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့မှာ စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲအတွင်း “နိုင်ငံရေးအကျည်းသားများ ပြန်လည်လွတ်မြောက်‌ရေး ဒို့အရေး၊ စစ်အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပါတီမစုံနဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ လူထုမပါတဲ့ ရွေးကောက်ပွဲ အလိုမရှိ'' စတဲ့ ကြွေးကြော်သံတွေနဲ့ ချီဆက်ဆန္ဒပြခဲ့ကြပါတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့မရဲစခန်းအတွင်းကို Fixed Wings Drone နဲ့ ဗုံးသီး တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

အမေရိကန်လေတပ်၏ F-16 တိုက်လေယာဉ် ၁ စီး လေကြောင်းသရုပ်ပြပွဲတွင် ပျက်ကျ (ရုပ်/သံ)

အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်တဲ့ လေကြောင်းသရုပ်ပြပွဲမှာ F-16 တိုက်လေယာဉ် ၁ စီး ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးဟာ အချိန်မီခုန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ကာ အခြေအနေ တည်တည်ငြိမ်ငြိမ်နဲ့ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထုတ်ပြန်ထားပါတယ်။ တိုက်လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

စစ်တပ် ကေတုမတီလေဆိပ်၏ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် Jammer ကို အသေခံဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က "Operation Thunderbolt" စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂ ဦး လွတ်မြောက်လာ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။