Read More

ကြို့ပင်ကောက်မြို့နယ်မှာ အတုအ‌ယောင်‌ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအ‌‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက်က ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူလူထု အင်အား ၃၀၀ ကျော်က အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ ''အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ် ချက်ချင်းလွတ်၊ နိုင်ငံရေးအကျည်သားများကို ချက်ချင်းလွတ် ချက်ချင်းလွတ်၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ . . .'' စတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
Read More

NLD ပါတီကို စောင်းမြောင်းအပုတ်ချကာ မဲဆွယ်နေတဲ့ PPP ကိုယ်စားလှယ် (ရုပ်သံ)

၂၀၁၅ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ပြည်သူတွေရဲ့ မဲပေးရွေးချယ်မှုကြောင့် အနိုင်ရရှိခဲ့တဲ့ NLD ပါတီကို စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် PPP ကိုယ်စားလှယ် ဦးမြတ်သူဆိုသူက စောင်းမြောင်းအပုတ်ချကာ မဲဆွယ်လျက်ရှိပါတယ်။
Read More

မုံရွာမြို့ နမခမှ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ် ၂၄ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ မိုင်း ၄ လုံးတစ်ပွိုင့်နဲ့ ၃ လုံးတစ်ပွိုင့်အသုံးပြုပြီး ၄စီးမြောက်ယာဉ်နဲ့ ၄ စီးမြောက်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ AIF Myanmar ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့တန်းတပ်စခန်း၊ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို AIF Myanmar က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒရုန်း Jammer ၂ ခု ၊ ထောက်ပံ့ရေး စုဆောင်းနေရာ ၄ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့တန်းတပ်စခန်းရှိ စစ်အရာရှိ ၂ ဦး၊ တပ်သား ၆ ဦးသေဆုံးကာ နဲ့ ၈ ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း ဒုရဲအုပ်ရဲလွင် အပါအဝင် စစ်ကော်မရှင်တပ်သား ၁၉ ဦးသေဆုံးခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်းတလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင်ဦးစီးတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၉ ဦးသေဆုံးခဲ့တယ်လို့ Myanmar Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်‌ရေးတွေ ဖော်ဆောင်ခဲ့တဲ့ BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေကို ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေဟာ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်တိုက်ပွဲအတွင်း လက်နက်ချသည့် စစ်ကော်မရှင်တပ်သားများကို အချင်းချင်း ပြန်လည် ပစ်ခတ်သတ်ဖြတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တီးတိန်မြို့နယ်တွင် စားကျက်မြေအတွင်း ဝင်ရောက်လာသည့် အင်းကျား ၂ ကောင် သေဆုံး (ရုပ်/သံ)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်းအနီး ရောက်ရှိလာတဲ့ အင်းကျား ၂ ကောင် တူမီးနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း စစ်အုပ်စု ဂိတ်စခန်းနှင့် တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။