ပေါက်မြို့နယ်အတွင်း ကျေးရွာများ ဖျက်ဆီးနေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၃ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့သတင်းထုတ် ပြန်ပါတယ်။