Read More

ဘားအံမြို့နယ် မြိုင်ကလေးဒေသမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ မိသားစုဝင်တွေ စားဝတ်နေရေး အခက်ကြုံနေရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေး ဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွါးခဲ့ပြီးတဲ့နောက် မိသားစုဝင် တစ်ထောင်လောက်ဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ရေဘေးကယ်ဆယ်ရေးပြုလုပ်နေသူတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၁၅ရက်နေ့အထိ ရေကြီးနစ်မြုပ်မှုတွေ ရှိခဲ့သလို ရေပြန်ကျချိန်မှာလည်း နေရပ်ပြန်လို့မရဘဲ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တတည်းခိုနေကြရတယ်လို့ သိရပါတယ်။