Read More

ဒိုက်ဦးထောင်၌ နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါး တိုက်ပိတ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရဟု PPNM ထုတ်ပြန်

“၃ နှစ် တိုက်ပိတ်ခံထားရတယ် ဆိုတဲ့အခြေအနေကို ကျွန်တော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ကတည်းက တိုက်ပိတ်ခံထားရတာာလား … သူတို့ တိုက်ပိတ်ပစ်ဒဏ်ကို ၃ နှစ် ချခံထားရတာလားပေါ့။ ၃နှစ်ဆိုတာက မဖြစ်နိုင်တဲ့ အခြေအနေပါ”လို့ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက် အာဏာသိမ်းခဲ့တာ ငါးနှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ မြန်မာပြည်သူများ ကြံ့ကြံ့ခံတော်လှန်နေဆဲဖြစ်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းခဲ့တာငါးနှစ်ကြာမြင့်လာပြီဖြစ်ပေမဲ့ မြန်မာပြည်သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်ပြီး, ဆက်လက်ခုခံတော်လှန်နေဆဲဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းတက္ကသိုလ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၆ဦးသေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတက္ကသိုလ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ယောက် မျက်မြင်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၅) ရက်နေ့ ညပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတက္ကသိုလ်ဝန်းနဲ့ တက္ကသိုလ်ရှေ့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
Read More

Southern YSO PDF မှ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များ ကူညီထောက်ပံ့

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေနဲ့ မီးဘေးသင့်ပြည်သူတွေကို အခြေခံ စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့ခဲ့တယ်လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Southern YSO PDF အဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

တောင်တွင်းကြီးတွင် ကပစ (၁၈) ဗိုလ်ကြီး သက်ထွန်းနှင့် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား တိုက်ခိုက်ခံရပြီး (၃)ဦးသေ၊ (၃) ဦးဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ကပစ -၁၈ က ဗိုလ်ကြီးသက်ထွန်း ဦးဆောင်မောင်းနှင်လာတဲ့ အိမ်စီးကားကို စောင့်ကြိုပစ်ခတ်ခဲ့လို့ ကားပေါ်ပါ စစ်သား(၃)ယောက်သေဆုံးကာ ဗိုလ်ကြီးသက်ထွန်းအပါ (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) က မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူနယ်ရှိကျေးရွာများကို စစ်တပ်က မီးရှို့၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဂူဗိမာန်များကိုလည်း ဖျက်ဆီး

အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားသလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဂူဗိမာန်ကိုတွေလည်း ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
Read More

စစ်ကြောင်းထိုးမီးရှို့သည့် အကြမ်းဖက်စစ်တပ်နှင့်ရက်ဆက် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ နီးပါး သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ(၁၀) ကြိမ်ဖြစ်ပွားပြီး စစ်ကော်မရှင်ဘက်က အယောက်(၃၀)နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးရန်ပုံငွေ မည်မျှပင် ခက်ခဲပါစေ မူးယစ်ဆေးဝါးဖြင့် အလုပ်မလုပ်ဟု NUG ဆို

တော်လှန်ရေးရန်ပုံငွေ ဘယ်လောက်ပဲခက်ခဲပါစေ မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။
Read More

အင်းတော်နယ် လေဘိုရွာကို စစ်တပ်ကလေကြောင်းဗုံးကြဲရာ လသားအရွယ်နှင့်မိသားစုဝင် ၇ ဦးအပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲဘအတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Indaw Revolution - IR ဆီက သိရပါတယ်။
Read More

စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး တပ်ကြပ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ရာ တပ်ကြပ်တစ်ယောက်အပါအဝင် စစ်သား၂ ယောက်သေဆုံးသွားတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်း​ကို ပြောပါတယ်။