Read More

ဖားကန့်မြို့ အ.ထ.က ကျောင်းအတွင်း လက်နက်ကြီးကျရောက်၍ ကျောင်းသူ/သား (၂) ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အ.ထ.က ကျောင်းအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ 
Read More

ဆိပ်ဖြူမြို့နယ်တွင် စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၆ဦးသေဆုံးခဲ့ပြီး ၂ ဦး အလင်းဝင်ရောက်လာဟု ဆို

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ကနေ တညောင် EPC လျှပ်စစ်ဓာတ်အားပေးရုံကို ရိက္ခာနဲ့ ဓာတ်တိုင်တွေ ပို့ဆောင်ဖို့ထွက်လာတဲ့ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်းထံမှ သိရပါတယ်။
Read More

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မွန်ပြည်အစိုးရတစ်ရပ် ဖော်ဆောင်ရန် NRFF တိုက်တွန်း

ဟံသာဝတီ မွန်နေပြည်တော် တည်ထောင်ခြင်းကို အစွဲပြုခဲ့တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ မွန်ပြည်သူတွေ လိုလားတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် သဘောထားထုတ်ပြန်ချက်တရပ်ကို ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ကနေ ထုတ်ပြန်လာပါတယ်။ 
Read More

ဗုံးသီးများ ထုတ်လုပ်သည့် ကပစ (၁၂) စက်ရုံကို ရော့ကတ်များ​ဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင်းရှိ ဗုံးသီးတွေ ထုတ်လုပ်တဲ့ ကပစ (၁၂) စက်ရုံကို လက်လုပ် ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ချောက်တွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၂၇ ယောက် သေဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က သုံးပွင့် ဗိုလ်ကြီး(၁) ယောက်အပါအဝင် စစ်သား (၂၇) ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်း ၅ နှစ်အတွင်း အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၂၇၄ ဦး သေဆုံး၊ ၂၀၂၅ ခုနှစ်သည် သေဆုံးမှု အများဆုံးနှစ်ဖြစ်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတဲ့ ၅ နှစ်တာကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ စုစုပေါင်း ၂၇၄ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ထီးလင်းတွင် စစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီး တပ်သားဖြစ်သူက တပ်ကြပ်ကြီးဆိုသူကို သေနတ်ဖြင့်ပစ် ထွက်ပြေး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ တပ်သားအဆင့်ရှိသူက တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့နယ်ထဲ တစ်လအတွင်း လေကြောင်း ၃ ကြိမ် တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတစ်ဒေသကို အခုတစ်လအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးရတယ်လို့ Indaw Revolution က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်​ခေါင်း-အုတ်တွင်း တိုက်ပွဲအတွင်း သာယာဝတီခရိုင် တပ်ရင်း (၃)မှ ဒုတပ်စိတ်မှူးနှင့် မိုင်းတာဝန်ခံတပ်ကြပ်ကြီးတို့ ကျဆုံးခဲ့

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲမှာ ဒုတပ်စိတ်မှူးနဲ့ မိုင်းတာဝန်ခံ တပ်ကြပ်ကြီး ဆိုသူတို့ ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) (Myanmar Defense Force) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း၊ ပြောင်ချောင်းကျေးရွာနားမှာ အင်အား(၁၅၀) ပါအကြမ်းဖက်စစ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးကုသခွင့်အချိန်မှီ မရရှိမှုဖြင့် စစ်တွေထောင်မှ နိုင်ငံရေးအကျဥ်းသား ၂ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှာ နိုင်ငံရေးမှုတွေနဲ့ အကျဥ်းကျခံနေရတဲ့ အကျဉ်းသား ၂ ယောက်ကို ဆေးကုသခွင့်မပေးပဲ သေဆုံးစေခဲ့မှုအတွက် စစ်တပ်လက်ပါးစေ ထောင်အာဏာပိုင်တွေအနေနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ JNPP (Justice Network For Political Prisoners) က အသိပေးပြောကြားထားပါတယ်။