စစ်အုပ်စုလုပ်မည့် ရွေးကောက်ပွဲ လွတ်လပ်မျှတပြီး အားလုံးပါဝင်ရမည်ဟု အိန္ဒိယပြော
"အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ်၊ ရွေးကောက်ပွဲအပေါ် အများလက်ခံယုံကြည်မှုနဲ့ တည်ငြိမ်မှုအတွက် နိုင်ငံရေးအရ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ပါဝင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့၊ ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့နဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ကို ရှေ့ရှုတဲ့ ကြိုးပမ်းမှုအားလုံးကို အိန္ဒိယက ဆက်လက်ပံ့ပိုးပေးသွားမယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။