Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ သတိပေး

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက အဆင့်ဆင့်ခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အလျင်စလို အသိအမှတ်ပြုတာမျိုး၊ တရားဝင်မှု ပေးအပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတိပေးပြောကြားလိုက်ပါတယ်။
Read More

မဲပေးသူ အင်မတန်နည်းကြောင်း နိုင်ငံတကာ ပြောဆိုနေကြချိန် စစ်တပ်၏ ရွေးကောက်ပွဲအတု အောင်မြင်သည်ဟု တရုတ် ပြော

ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။
Read More

မင်းအောင်လှိုင် ဆိုတာ ဒီမိုကရေစီ အစပျိုးပေးမည့်သူ မဟုတ်၊ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်သာ ဖြစ်သည်ဟု SAC-M ပြော

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။
Read More

တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

အတုအယောင် ရွေးကောက်ပွဲအကြို စစ်အုပ်စု တိုက်ခိုက်မှုများ လုပ်လာတာကြောင့် ပြည်သူလူထုအား ကာကွယ်ရန် အရေးပေါ် ဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် နိုင်ငံတကာကို SAC-M တိုက်တွန်း

အကြမ်းဖက် စစ်ကော်မရှင်ဟာ မကြာခင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။
Read More

မလေးရှားတွင် ကျင်းပခဲ့သည့် မွန်းအောင် “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲ

တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၆ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။ 
Read More

Kick ပလက်ဖောင်းပေါ် တက်လာသည့် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်များ ၂၄ နာရီ မပြည့််မီ အရေးယူဖြုတ်ချခံရ

ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kick နည်းပညာ ကုမ္ပဏီဟာ  မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပဲ အမြန်ဆုံး ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
Read More

စစ်အုပ်စုက စစ်ကော်မရှင်ဟု အမည်ပြောင်းကာ တာဝန်ခံမှု ရှောင်လွှဲဖို့ ပြင်ဆင်နေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်ကြောင်း The Sentry နှင့် Justice For Myanmar ပူးတွဲထုတ်ပြန်

The Sentry နဲ့ Justice For Myanmar တို့ ပူးတွဲထုတ်ပြန်တဲ့ စာတမ်းအရ မြန်မာစစ်အုပ်စုဟာ သူတို့အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု အတုအယောင်ရရှိဖို့အတွက် အဖွဲ့အစည်းအမည်တွေကို ပြောင်းလဲခြင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီတွေ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။