ချွန်ပူရီမှာ မြန်မာလုပ်သား ၁၀၀ နီးပါး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား၊ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး ထိုင်းရဲတပ်ဖွဲ့ လိုက်လံ စုံစမ်းနေ
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်က မြန်မာအလုပ်သမား ၁၀၀ နီးပါးလောက်ဟာ လက်နက်ကိုယ်စီနဲ့ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ် ခိုက်ရန် ဖြစ်ပွားခဲ့ကြရာ နှစ်ယောက် အပြင်း အထန်ဒဏ်ရာ ရရှိသွားပြီး ထိုင်းရဲတပ်ဖွဲ့က ပါဝင်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။