NUG၊ CHRO တို့အား တွေ့ဆုံခဲ့မှုကြောင့် တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် စစ်ကော်မရှင် ကြိုးပမ်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းလူအခွင့်အရေးအဖွဲ့ Chin Human Rights Organization- CHRO တို့နဲ့ တွေ့ဆုံခဲ့တာကြောင့် တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ အကြမ်းဖက်စစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ စာရေးသားပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။