Read More

NUG၊ CHRO တို့အား တွေ့ဆုံခဲ့မှုကြောင့် တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် စစ်ကော်မရှင် ကြိုးပမ်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  ချင်းလူအခွင့်အရေးအဖွဲ့ Chin Human Rights Organization- CHRO တို့နဲ့ တွေ့ဆုံခဲ့တာကြောင့် တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ အကြမ်းဖက်စစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ စာရေးသားပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 
Read More

မယ်စဲ့ အကျဉ်းထောင်မှ ထောင်ဖောက် ပြေးသည့် အကြမ်းဖက် စစ်တပ် အရာရှိတဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ရမိထား

ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေထဲက စစ်တပ်အရာရှိ တယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

မဲဆောက်တွင် တစ်ပက်အတွင်း အထောက် အထားမဲ့နေထိုင်မှု၊ ကန့်သတ်လုပ်ငန်း လုပ်ကိုင်မှု တို့ဖြင့် မြန်မာနိုင်ငံသား ၆၀ ကျော်ဖမ်း ဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစလို့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေပြီး တစ်ပတ်အတွင်း အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုများအား စုံစမ်းပေးရန် CHRO ၏ တိုင်ကြားမှုကို လက်ခံခဲ့သည့်အတွက် စစ်ကော်မရှင် အနာပေါ်တုတ်ကျပြီး တီမောလက်စ‌တေသံအမတ်ကို ခေါ်ယူသတိပေးဟုဆို

အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization- CHRO) ရဲ့တိုင်ကြားမှုကို တီမောလက်စ်တေနိုင်ငံက လက်ခံခဲ့တဲ့အတွက် စစ်ကော်မရှင်အတွက် အနာပေါ်တုတ်ကျသလိုဖြစ်ကာ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲနိုင်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောနိုင်ငံကို တိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီတိုင်ကြားမှုအပေါ် တီမောသမ္မတက လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ပွဲအပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အဖွဲ့စုံ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးမှုအချို့ရှိ

“မနေ့ညနေက မဲဆောက်ဈေးကို အရင်ဝင်စစ်တယ်။ ဆိုင် ၅ ဆိုင်လောက်ပါသွားတယ်ကြားပါတယ်။ တောမောင်းရုံး page မှာလည်း သတင်းတွေ တက်လာပါတယ်။ လူတွေ ဘယ်နှစ်ယောက် ပါသွားတာလဲတော့ အတိအကျ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာကတော့ သေချာပါတယ်။ ပြီးတော့ မြို့အဝင်အထွက် လေယာဉ်ကွင်းတို့၊ အာရှလမ်းမကြီးတို့၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ရှိတယ်။ အရင်ကထက်တော့ ပိုတင်းကျပ်နေတယ်” လို့ အဝေးရောက်ဧရာဝတီအဖွဲ့ (OIA) က ကိုဖိုးသင်္ကြန်က မောင်းကို ပြောပါတယ်။
Read More

မြန်မာ့အရေးကူညီမည့် ကန်‌ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံမှ အောက်လွှတ်တော်အမတ်တွေက မြန်မာ့အရေးကူညီမယ့် ကန်ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
Read More

မဲဆောက်ရောက် လူငယ်များ ကိုးရီးယား နိုင်ငံတွင်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဆွေးနွေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား  လူငယ်တွေ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့  ဆွေးနွေး‌‌ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။
Read More

ဖိလစ်ပိုင် အစိုးရ၏ မြန်မာစစ်အုပ်စုနှင့် သံတမန်ရေး ထိတွေ့မှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း (၉၉) ဖွဲ့ ပြင်းထန်စွာ ရှုတ်ချ

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Ma. Theresa Lazaro ရဲ့ နေပြည်တော် ခရီးစဉ်မှာ မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာကို မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အရပ်ဘက် အဖွဲ့အစည်း (၉၉) ဖွဲ့က ပြင်းထန်စွာ ရှုတ်ချ လိုက်ပါတယ်။
Read More

တောင်ကိုရီးယား သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရင်းနှီးမှုကို ပြသ (ရုပ်/သံ)

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုအပြီးမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိတို့ဟာ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရဲ့ ရင်းနှီးမှုကို ပြသခဲ့ပါတယ်။
Read More

ချွန်ပူရီမှာ မြန်မာလုပ်သား ၁၀၀ နီးပါး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား၊ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး ထိုင်းရဲတပ်ဖွဲ့ လိုက်လံ စုံစမ်းနေ

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်က မြန်မာအလုပ်သမား ၁၀၀ နီးပါးလောက်ဟာ လက်နက်ကိုယ်စီနဲ့ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ် ခိုက်ရန် ဖြစ်ပွားခဲ့ကြရာ နှစ်ယောက် အပြင်း အထန်ဒဏ်ရာ ရရှိသွားပြီး ထိုင်းရဲတပ်ဖွဲ့က ပါဝင်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။