Read More

ထိုင်းကို လာမည့် နိုင်ငံခြားသားခရီးသွားများအား ဘတ် ၃၀၀ ပြည်ဝင်ကြေး ကောက်ခံတော့မည်ဟုဆို

"ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ" လို့ ၎င်းက ဆိုပါတယ်။
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။
Read More

တောင်ကိုရီးယားမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ တော်လှန်ပြည်သူ ၄၀၀ ကျော် တက်ရောက် ဆန္ဒပြခဲ့…

အောက်တိုဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းကနေ စတင်လို့ ဆိုးလ်မြို့မှာ ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ဖွဲ့ ပါဝင်တဲ့ "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ" ကနေ စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုထိန်လင်း တရုတ််နိုင်ငံကို အကူအညီတောင်း…

"ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေး အတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်"လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

ကစားသမားဘဝကို နိုင်ပွဲနှင့်အတူ စွန့်ခွာသွားခဲ့တဲ့ ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်

ထိုင်းနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ (၄)ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်နိုင်ငံသား ဖိုက်တာ ကာဒက်စတမ်ကို အလဲထိုးကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Read More

နယူးယောက်မြို့တွင် ကျင်းပသည့် “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဥ်ဖြင့် အခမ်းအနားကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။