Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် Justice For Myanmar တောင်းဆို…

အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို ဖန်တီးဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကနေ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) အဖြစ် အမည်ပြောင်းလဲမှုကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံက ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ဖို့ JFM က သတိပေးထားပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော် သေဆုံးကာ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အခြေအနေ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော် ဆင်းရဲတွင်းနက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ “အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး” ခေါင်းစဉ်နဲ့ အပြန်အလှန်ဆွေးနွေးရာမှာ မြန်မာ့အခြေအနေဟာ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲတွင်းနက်နေကြောင်း ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒီနှစ်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။