Read More

ချင်းမိုင်တွင် တစ်လ ဘတ် ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားသည့် နေအိမ်အတွင်းမှ ကျားဖြန့်ဂိုဏ်းကို ထိုင်းရဲ ဝင်ဖမ်း၊ တရုတ် ၂၀ ဦး ဖမ်းမိပြီး ၁၀ ဦး ထွက်ပြေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မယ့်ရင်မှာ ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား အယောက် ၂၀ ကို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိကြောင်း ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အကျဥ်းသားနှင့် အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမည်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရန် ဇော်မင်းထွန်း သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။
Read More

စစ်အုပ်စု၏ ICT အလွဲသုံးစားမှု၊ ဆိုက်ဘာလိမ်လည်မှု စင်တာများနှင့် အတုအယောင်ရွေးကောက်ပွဲ အန္တရာယ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။
Read More

အာဆီယံအဖွဲ့ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ မလွှတ်၊ နိုင်ငံတကာကလည်း အယုံအကြည် မရှိ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက် တနင်္လာနေ့မှာ ပြောခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူးဟု ထင်မြင်ကြောင်း ကုလအကြီးအကဲ ဆို

မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် စစ်အုပ်စု ရွေးကောက်ပွဲရဲ့ မျှတမှုအပေါ် သံသယရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်သည့် မြန်မာစစ်အုပ်စုအား အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြမ်းဖက်မြန်မာစစ်တပ်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။