Read More

နိုင်ငံတကာဖိအားများကြောင့် မတတ်သာတော့ဘဲ မြန်မာစစ်အုပ်စု ကျားဖြန့်နှိမ်နင်း‌ရေးကို အလျင်စလို လုပ်ဆောင်ခဲ့ရ

ပြီးခဲ့တဲ့အပတ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ဘားအံမြို့ခရီးစဉ် နောက်တရက်မှာ စစ်တပ်အရာရှိတွေက သြဇာကြီးမားတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခုက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က တိုးချဲ့လာနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ချက်ချင်း နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး လူကုန်ကူးခံရသူတွေကို အသုံးချပြီး ကမ္ဘာတဝန်းကလူတွေကို လိမ်လည်ကာ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် တိုက်တွန်းသည့် အမေရိကန် ကွန်ဂရက်ကြားနာပွဲအတွက် ကျေးဇူးတင်ကြောင်း CRPH ထုတ်ပြန်၊ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ ရာဇဝတ်လုပ်ငန်းများ ရှင်သန်ကြီးထွားနေလိမ့်မည်ဟု ဆို

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ ကျင်းပခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စောချစ်သူ ဘုရားကျောင်းနှင့် စာသင်ကျောင်းများ ဆောက်နေပြီး ထွက်ပြေးတာ မရှိဘူးဟု BGF ပြောခွင့်ရ  နိုင်မောင်ဇော် ပြော

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှု ခံထားရသူလည်းဖြစ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လည်ပတ်ရာမှာ အဓိကကျတဲ့နေရာက ပါဝင်သူတစ်ယောက်လည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောင်လုပ်နေပြီး အပြစ်မရှိတာကြောင့် ထွက်ပြေးတာမရှိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြပါတယ်။ 
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ဂျပန်အစိုးရသစ် နိုင်ငံခြားရေးမူဝါဒတွင် လူ့အခွင့်အရေးကို ဦးစားပေးရန် အခွင့်အရေးအဖွဲ့များ တိုက်တွန်း

ဂျပန်အစိုးရသစ်အနေနဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးကို ဦးစားပေးသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ် ဆနဲ တာကအိချိ (Sanae Takaichi) အနေနဲ့ အာရှနဲ့ ကမ္ဘာတဝန်းက အလွဲသုံးစားပြုမှုတွေကို ဖြေရှင်းဖို့ ပိုမိုခိုင်မာတဲ့ ဥပဒေရေးရာ၊ သံတမန်ရေးရာနဲ့ အဖွဲ့အစည်းဆိုင်ရာ အစီအမံတွေကို ချမှတ်ဖို့ကိုလည်း HRW က တောင်းဆိုထားပါသေးတယ်။
Read More

ကျားဖြန့်လုပ်ငန်းကို ခွင့်ပြုထားခဲ့သည့် BGF၊ စစ်ကော်မရှင်တပ်က ဖိအားများကြောင့် ရွှေကုက္ကိုလ်ကို ပြန်စီးနင်း၊ ကျားဖြန့် ၃၅၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

ရုရှားနှင့်တရုတ်ထံမှ ရဟတ်ယာဉ်နှင့် လေယာဉ်များ မြန်မာစစ်တပ်ရယူနေ

မြန်မာအနေနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေ ရှိနေပေမယ့် အာဏာသိမ်း စစ်ကော်မရှင်ကတော့ ရုရှားနဲ့ တရုတ်ဆီကနေ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ရယူပြီး လေတပ်အင်အားဖြည့်နေတယ်လို့ ပြောပါတယ်။