Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်အုပ်စုသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ဘန်ကောက်မှာရှိတဲ့ စစ်အုပ်စုရဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းတောင်ပိုင်းရေကြီးမှုကြောင့် CI ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ဟု ဆို

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အိမ်ဖြူတော်အနီး ပစ်ခတ်မှုအပြီး အမေရိကန်၏ နိုင်ငံရေးခိုလှုံခွင့်များ အချိန်အတော်ကြာ ဆိုင်းငံ့မည်ဟု ထရမ့် ပြော

အိမ်ဖြူတော်အနီးမှာ အာဖဂန်နိုင်ငံသားတယောက်က အစောင့်တပ်သား နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး တယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် အမေရိကန်အစိုးရအနေနဲ့ ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အချိန်အတော်ကြာ ဆိုင်းငံ့ထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃၀ ရက်မှာ ပြောပါတယ်။
Read More

အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၇၄ ဦးကျော် သေဆုံး (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြားသေဆုံးကာ အဆောက်အဦးများလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် အင်ဒိုနီးရှားမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြေပြိုမှုတွေကြောင့် အချို့ဒေသတွေမှာ အိမ်ရာ ၃၂၀၀ ကျော်ပျက်စီးခဲ့ရပြီး မိသားစု ၃၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

ဘယ်လာရုစ်သမ္မတရဲ့ တရက်မပြည့်တဲ့ မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့ သဘောတူ စာချုပ် ၁၆ ခု လက်မှတ်ထိုး …

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့တရက်မပြည့်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၁၆ ‌စောင်ထိ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ တစ်ရက်တာ ၂၄ နာရီ တောင်မပြည့်ဘဲ လာရောက်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အခုလို စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြား ကုန် သွယ်ရေး၊ စီးပွားရေး ၊ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန်ဖလှယ်နိုင်‌ရေးတွေ ပါဝင်တယ်လို့ စစ်အုပ်စုသတင်းများက ဆိုပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။