လူမဆန်ပြီး၊ သူရဲဘောကြောင်လွန်းသည့် စစ်ရာဇဝတ်မှုများအတွက် အမိန့်ပေးသူရော နာခံကျူးလွန်သူများပါ ကြီးလေးသည့်ပြစ်ဒဏ်မှ ရှောင်လွှဲ၍ ရမည်မဟုတ်
ယနေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ရသည်။ ပြင်းထန်ဒဏ်ရာရသူ အများအပြားလည်းရှိနေပြီး၊ သေဆုံးသူဦးရေတိုးလာမည်ကို စိုးရိမ်နေရသည့်အခြေအနေသို့ ရောက်ရှိနေသည်။