မြန်မာတွင် စစ်တပ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇၅ ရာခိုင်နှုန်းထိ ကျဆင်းသွား
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) လေးပုံ သုံးပုံခန့် ထိုးဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံကျော်သာ ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။