၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။

အိမ်ဖြူတော်ကထွက်ခွာပြီး လေးနှစ်အကြာမှာ သမ္မတအဖြစ် တကျော့ပြန် ရောက်လာမယ့်သူအဖြစ် ဒေါ်နယ်ထရမ့်ဟာ အောင်ပွဲခံလျက်ရှိပြီး အနိုင်ရမိန့်ခွန်းပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်က ငါတို့ကို မကြုံစဖူး အားကောင်းတဲ့ လုပ်ပိုင်ခွင့်ကို ပေးခဲ့တာပဲလို့ ထရမ့်က ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ သူ့ရဲ့ ဒုသမ္မတလောင်း၊ အထက်လွှတ်တော်အမတ်၊ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေနဲ့ သူ့မိသားစုတို့နဲ့အတူ Palm Beach County Convention Center မှာ သူ့အပေါ်ထောက်ခံသူတွေကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှာ ဒေါ်လာသန်း ၁၂၀ နီးပါး ထည့်ဝင်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်ကိုလည်း ထရမ့်က သူ့ရဲ့မိန့်ခွန်းအတွင်း အချိန်အတော်ကြာ ချီးမွမ်းခဲ့ပါတယ်။

အီလွန်မက်စ်ကို အစိုးရရဲ့လုပ်ငန်းထိရောက်မှုကော်မရှင်မှာ ဦးဆောင်ဖို့ ခန့်အပ်မယ်လို့လည်း သူက ပြောပါတယ်။

(ဓာတ်ပုံ Reuters)

အခြားအမေရိကန်သတင်းဌာနတွေမှာတော့ ထရမ့်ကို ရွေးကောက်ပွဲအနိုင်ရသူတွေအဖြစ် မကြေညာရသေးပါဘူး။

ဒါပေမဲ့လည်း ပန်ဆယ်ဗေးနီးယား၊ ကယ်ရိုလိုင်းနားတောင်ပိုင်း၊ ဂျော်ဂျီယာတို့လို အပြိုင်အဆိုင်ပြင်းထန်တဲ့ပြည်နယ်တွေမှာ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဒုသမ္မတ ကမလာဟဲရစ်ကို အနိုင်ပိုင်းခဲ့ပြီး နောက်ထပ်အပြိုင်အဆိုင်ပြင်းထန်တဲ့ ပြည်နယ်တွေမှာလည်း ထရမ့်က ဦးဆောင်နေတာကြောင့် အနိုင်ရလုနီးပါးဖြစ်နေပြီလို့ အယ်ဒီဆင်သုတေသနအဖွဲ့က ဆိုပါတယ်။

ဟဲရစ်ကတော့ သူမရဲ့ Alma Mater Howard University မှာ စုဝေးနေကြတဲ့ သူမရဲ့ထောက်ခံသူတွေကို မိန့်ခွန်းမပြောရသေးပါဘူး။

သန်းခေါင်ကျော်အချိန်မှာ သူမရဲ့ ဆွယ်စည်းရုံးရေးပူးတွဲဥက္ကဋ္ဌ Cedric Richmond က ဟဲရစ်အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ လူထုမိန့်ခွန်းပြောသွားမယ်လို့ သူမရဲ့ထောက်ခံသူတွေကို အတိုချုံး ပြောသွားခဲ့တာပါ။

သမ္မတဟောင်းထရမ့်ဟာ အမေရိကန်ရဲ့ မြို့ပြရောကျေးလက်ဒေသတွေမှာပါ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကထက် ပိုပိုသာသာစည်းရုံးနိုင်ခဲ့ပြီး နိုင်ငံအနှံ့ သူ့ရဲ့အင်အားကို ပြခဲ့ပါတယ်။်

အနောက်ဗာဂျီးနီးယားနဲ့ အိုဟိုင်းယိုးပြည်နယ်တို့က ဒီမိုကရက်တစ်တွေရဲ့ အမေရိကန်အထက်လွှတ်တော်အမတ်နေရာတွေကိုလည်း ရီပတ်ဘလစ်ကန်တွေအများစု အစားထိုး အနိုင်ယူထားပါတယ်။

နိုင်ငံအနှံ့က အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာ ရီပတ်ဘလစ်ကန်တွေက မတိမ်းမယိမ်းနဲ့ ဦးဆောင်လျက်ရှိပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ် အတည်ပြုလိုက်တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရမ့်ရဲ့ထောက်ခံသူတွေက အမေရိကန်လွှတ်တော်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးချိန်မှာ အများစုက ထရမ့်ရဲ့နိုင်ငံရေးလမ်းကြောင်း ပြီးဆုံးသွားပြီလို့ ခန့်မှန်းခဲ့ကြတာပါ။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ အနိုင်ရသမ္မတသစ်ကို အတည်ပြုကြေညာဖို့ လချီကြာမြင့်ဦးမှာဖြစ်ပြီး လက်ရှိအမေရိကန်သတင်းဌာနတွေက ဖော်ပြချက်တွေဟာ ရလဒ်တွေကို အခြေခံပြီး ခန့်မှန်းဖော်ပြနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်အဖွဲ့များ ဝေဖန်

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။