စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ရွှေဘိုတိုက်နယ် ၅ ဂဠုန်ကြီး ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ပကဖထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာချီပါမြောက်ရွာတောင်ရွာမှာပိတ်မိနေတာ၇ရက်ခန့်ရှိပြီဖြစ်ပြီးတော်လှန်ရေးပူးပေါင်းတပ်တွေကပိတ်ဆို့ထားကာတိုက်ပွဲဆက်လက်ပွားလျက်ရှိတယ်လို့ရွှေဘိုတိုက်နယ်၅ရဲဘော်ကိုဒေါင်းထံကသိရပါတယ်။

အဲဒီအကြမ်းဖက်စစ်ကြောင်းဟာရွှေဘိုလေ့ကျင့်ရေး၈နဲ့မင်းနေကုန်းမှာတပ်စွဲထားတဲ့အကြမ်းဖက်စစ်သားတွေပူးပေါင်းထားပြီးအောက်တိုဘာ၃၀ရက်ကထွက်လာတဲ့အင်အား၁၀၀ခန့်ရှိစစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားအများအပြားထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ရွှေဘိုမြို့နယ်တိုက်နယ် ၅ တိုက်ခိုက်ရေး ဂဠုန်ကြီးပြည့်သူ့ကာကွယ်ရေး ပကဖ၊ ဇာမဏီရွှေဘို ပြည်သူ့ကာကွယ်ရေး ပကဖ၊ တဂဏနဂါးမင်း ပြည်သူ့ကာကွယ်ရေးပကဖ၊ တောကျီးကန်းပြည်သူ့ကာကွယ်ရေးပကဖ၊ ခွပ်ဒေါင်းရာဇာပြည်သူ့ကာကွယ်ရေးပကဖနဲ့ မဟာမိတ်ညီနောင်ပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ထဲ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ အဆောက်အအုံအချို့ပျက်စီးပြီး စစ်သားများ ထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ Generation Z Power က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်း F-16 တိုက်လေယာဉ်များ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှု စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားပါတယ်။
Read More

အမ်းက ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho လိုက်လံဖမ်းဆီးရာ ၅ ယောက်သေ၊ ၁၂ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်သေကာ ၁၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။