အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒေါ်ဇင်မာအောင်က ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်က တရုတ်နဲ့ မြန်မာပြည်ကြား ဆက်ဆံရေးကို အဖုတ်အထစ်ဖြစ်စေတာကြောင့် NUG အနေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီကိုလိပ်မူပြီးပြန်လည်စဉ်းစားသုံးသပ်ဖို့မေတ္တာရပ်ခံစာပေးပို့ခဲ့ပြီးအခုလိုဖိတ်ကြားခြင်းဟာစစ်ကောင်စီကိုအသိမှတ်ပြုသကဲ့သို့မဖြစ်စေဖို့တရုတ်နိုင်ငံထံတရားဝင်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်မင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာနိုင်ငံတော်အဆင့်ခရီးစဉ်မဟုတ်ဘူးလို့သတင်းစကားပြန်လည်ရရှိခဲ့တယ်လို့ဒေါ်ဇင်မာအောင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကျမတို့ သဘောထားက အင်မတန်မှ ရှင်းလင်းပါတယ်။ ကျမတို့ နောက်ပိုင်းသိရသလောက် ဒါသည် State Visit မ ဟုတ်ဘူး။ ခုနပြောတဲ့ ပြည်နယ်တစ်ခုမှာပဲ လုပ်တဲ့ Regional Forum တစ်ခုကို တက်ရောက်တာသာ ဖြစ်တယ်ဆိုပြီးတော့လည်း ကျမတို့ သတင်းစကား ပြန်လည်ရရှိခဲ့တာ ရှိပါတယ်။လို့ NUG နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင်ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရုတ်ခရီးစဉ်အတွက် ဒီနေ့ မနက်အစောပိုင်းမှာ နေပြည်တော်ကနေ ထွက်ခွါသွားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လက်ရှိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်က စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်တာကြောင့် ပြည်သူများ ရှောင်တိမ်းကြရန် တော်လှန်ရေးတပ်များ အသိပေး

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရှောင်တိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း နဲ့ ဗမာ့တပ်တော် (BA) တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရန်ကုန်မှာ လူငယ်တွေကို VPN အကြောင်းပြပြီး ဖုန်းနဲ့ငွေကြေး လိမ်လည်လုယက်မှုတွေ ဖြစ်ပွားနေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ဒီအချိန်ဟာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ TNLA ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ ဒီအချိန်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။