စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲကင်းကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ၆၀ မမ လက်နက်ကြီး ၃လုံး၊ လက်လုပ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force တပ်ဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ အရာတော်မြို့နယ် သစ်ကျင်းကြီးကနေ သာစည်ကျေးရွာရဲကင်းကို လာရောက်တပ်စွဲတဲ့အတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရဲကင်း စခန်းထဲသို့ ၆၀ မမ ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲကင်းရှေ့ ညောင်ပင်အောက်ကို ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ ၆၀ မမ ၃ လုံးမှာ ၁ လုံးက Error တက်ပြီး ကျရောက်ခဲ့ပေမယ့် ပေါက်ကွဲခဲ့ခြင်း မရှိခဲ့ပါလို့ Snipe Rangers Force က ဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) Hero Brother Monywa (Local – PDF) နဲ့ BLACK DRAGON Monywa(Local – PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်မှာ အင်အားအများအပြားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာက အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထံက သိရပါတယ်။
Read More

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေး (ရုပ်/သံ)

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရှိ စက်သုံးဆီဆိုင်နဲ့ စားသောက်ဆိုင်ကို လူစည်ကားနေ ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်‌တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ယောက်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံ နွေဦးစစ်သည်‌တော်များစစ်‌ကြောင်းထုတ်ပြန်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၂၂ ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်း ရုပ်သံကို နွေဦးစစ်သည်‌တော်များစစ်‌ကြောင်း (Spring Warriors Column)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည်မြို့ မူကြိုကျောင်းပြိုကျမှုအတွင်း သေဆုံးသွားသည့် ဆရာမနှင့် ကလေးငယ်များကို ‌‌ရေစက်ချအမျှဝေပြီး အမိန့်စာပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က Bright Kids မူကြိုကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျမှုအတွင်း သေဆုံးသွားတဲ့ ကျောင်းဆရာမ၊ စျေးရောင်းသူအမျိုးသမီးနဲ့ ကလေး ၂၅ ယောက်အတွက် ဒီနေ့ ဧပြီ ၂ ရက်မှာ ရေစက်ချအမျှဝေပြီး အမိန့်စာပြန်ခဲ့တယ်လို့ သိရပါတယ်။