နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာချိန် ဒီနေ့နို၀င်ဘာ ၅ရက် မနက်ပိုင်းမှာ နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းအနီးမှာပေါက်ကွဲခဲ့တာလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြလာတာပါ။

ဒါပေမဲ့ မင်း‌အောင်လှိုင်ဟာ ပြည်ပခရီးစဉ်ထွက်ရင် ပုံမှန်အသုံးပြုနေကျ နေပြည်တော်လေဆိပ်ကို အသုံးမပြုခဲ့ဘဲ စစ်တပ်လေဆိပ်ကို ပြောင်းလဲအသုံးပြုခဲ့တာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ နိုဝင်ဘာလ ၅ ရက် မနက် ၆ နာရီ ၃၀ မိနစ်အချိန်  MAI အထူးလေယာဉ်ဖြစ်တဲ့ Airbus 319 -XYALK နဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ထွက်ခွာသွားပြီးနောက် မနက် ၈ နာရီ ၂၀ မိနစ်အချိန်  နေပြည်တော် အေလာလေယာဉ်ကွင်းပြေးလမ်းနဲ့ ကားလမ်းကြား မိုင်းပေါက်ကွဲခဲ့ပြီး လက်လုပ်ဗုံးအဆင့်ရှိ ပေါက်ကွဲမှုလို့လည်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရန်တွေမှာ ဖော်ပြထားပါတယ်။

စစ်လော်ဘီချန်နယ်အများစုက ဒီနေ့ မနက်ပိုင်း နေပြည်တော် အေလာလေတပ်စခန်းကို လာရောက်တိုက်ခိုက်တဲ့ Fix Wing Drone (အသေခံ ဒရုန်း)  ၂ စင်းကို စစ်တပ်က လေဆိပ်ပြင်ပ ဧရိယာမှာ ပစ်ချနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်တွင် စစ်ကော်မရှင်တပ် ချန်ခဲ့သည့် ဗုံးသီးပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တပ်ခွဲမှူးတစ်ဦးအပါ ၄ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

CDF – KKG တပ်ရင်း (၂) ရဲ့ အပတ်စဉ် ( ၅ ) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ 

Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) တပ်ရင်း (၂) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။