ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လေတပ်ဗိုလ်မှူး မျိုးလွင် မိသားစုပိုင်တဲ့ ကံ့ကော်မြိုင် ဂတ်(စ်) မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်အိမ်မှူး ၁ ယောက်သေပြီး ၂ ယောက်ထိခိုက်ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်၊ မနက်အစောပိုင်းက  လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံရပ်ကွက်၊ နိုင်ကျွန်းသာလမ်းပေါ်မှာရှိတဲ့ မိတ္ထီလာလေတပ်က ဗိုလ်မှူး မျိုးလွင်ရဲ့ ဂတ်(စ်)မီးဖိုဆိုင်ကို မြို့ပြကြွက်အဖွဲ့ဝင်တွေက Mission R လုပ်ဆောင်မှုအဖြစ် အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မိုင်း၂ကြိမ်ပေါက်ကွဲပြီး ဆိုင်မှာရှိနေတဲ့ ကား၂စီး မီးလောင်ပျက်စီးကာ ဆယ်အိမ်မှူး ၁ယောက် သေဆုံးခဲ့သလို ရာအိမ်မှူးနဲ့ အရာရှိညီ ဆိုသူတို့ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လေတပ် ဗိုလ်မှူးမျိုးလွင်ရဲ့ဆိုင် (ဓာတ်ပုံ မြို့ပြကြွက်)

ဒီတိုက်ခိုက်မှုဟာ ပြည်သူတွေအပေါ် လူမဆန်အောင် ရက်ရက်စက်စက်သတ်ဖြတ်ပြနေတဲ့ ဖက်ဆစ်လေတပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ အရပ်သားပြည်သူတွေ ထိခိုက်မှာကို ငဲ့ကွက်ပြီး ကာလကြာရှည် ဆိုင်းငံ့ထားခဲ့ပေမယ့် စစ်ကောင်စီလေတပ်က ဆက်တိုက်ကျူးလွန်နေတာကြောင့် နောက်ဆုံးသတိပေးတဲ့အနေနဲ့ ချိန်ဆ တိုက်ခိုက်ခဲ့တာလို့လည်း မြို့ပြကြွက်အဖွဲ့က ပြောပါတယ်။

အဲ့ဒီဗိုလ်မှူး အိမ်မှာရှိမနေတာရယ် ဆိုင်ပတ်ဝန်းကျင်က ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ရယ် သတိပေးတဲ့အနေနဲ့ပဲ တိုက်ခိုက်လိုက်တာပါ။ စစ်အုပ်စုအဖွဲ့ဝင်တွေထိတာကလည်း ပထမတစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပြီးတော့ အသံကြားလို့ အခင်းနေရာကို  လာကြည့်ရင်းနဲ့မှ ထပ်ပြီးပေါက်ကွဲလို့ပါလို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လေတပ် ဗိုလ်မှူးမျိုးလွင်ရဲ့ဆိုင် (ဓာတ်ပုံ မြို့ပြကြွက်)

ဒီတိုက်ခိုက်မှုဟာ ထိခိုက်မှု အနည်းဆုံး ပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ဖက်ဆစ်လက်ပါးစေ လေတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲနေမှုတွေကို ရပ်တန်းက ရပ်ဖို့လည်း မြို့ပြကြွက်အဖွဲ့က သတိပေးထားပါသေးတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လေတပ် ဗိုလ်မှူးမျိုးလွင်ရဲ့ဆိုင် (ဓာတ်ပုံ မြို့ပြကြွက်)
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လေတပ် ဗိုလ်မှူးမျိုးလွင်ရဲ့ဆိုင် (ဓာတ်ပုံ မြို့ပြကြွက်)
0 Shares:
You May Also Like
Read More

လေးကေ့ကော်ကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေ၊ လက်နက်ကြီးများလည်း အဆက်မပြတ် ပစ်ခတ်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ကို အကြမ်းဖက် စစ်ကော်မရှင်က စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်အထိနာကာ ပေါင် ၅၀၀ ဗုံးများ ကြဲချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ KNLA တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။ 
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံး ၄လုံးပစ်ခတ်တိုက်ခိုက်မှု လေတပ်ဝန်းထဲ ထိခိုက်ပျက်စီးမှုတွေရှိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က လေတပ်စခန်းကို အဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ဂိုထောင်နဲ့ အရာရှိနေအိမ်တွေထိခိုက်နိုင်ကြောင်း Urban Special Operation ( U.S.O) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။