ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။

မနေ့က နိုဝင်ဘာ ၂ ရက်၊ နေ့လည် ၃နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်သားတွေကပါ အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူပေးထားတဲ့ အဲဒီလောင်းကစားဝိုင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ () မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုရဲဘော်တွေကရှောင်တခင်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

လောင်းကစားဝိုင်းက တကယ်အကောင်ကြီးတွေချည်းပဲလောင်းကစားဝိုင်းလုပ်နေတယ်လို့ သတင်းရတာကြာနေပါပြီ။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူခေါင်းဆောင်တွေက ပြည်သူဆီကနေ ကောက်ခံထားတဲ့ ငွေတွေနဲ့ ဝိုင်းကြေးလုပ်နေကြတာ။ ဖြစ်လည်းဖြစ်ရော အကုန်ထွက်ကြတာပါပဲ။လို့  ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ () မှတပ်ခွဲမှူးရဲဘော်ဒေဝက‌မောင်းကိုပြောပါတယ်။

မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်မင်းထက်ဆိုသူအား ပစ်ခတ်ရှင်းလင်းပြီးနောက် တွေ့ရစဉ်

တော်လှန်ရေးတပ်တွေလောင်းကစားဝိုင်းကိုဝင်ရောက်စီးနင်းချိန်မှာအဓိကမစ်ရှင်ဖြစ်တဲ့အုပ်ချုပ်ရေးမှူးအောင်မင်းထက်ကိုသာသေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပြီးပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအပြီး အောင်မင်းထက်ထံက လက်ပစ်ဗုံး ()လုံး၊ ဓားမြောင် ()လက်၊ ငွေသား (၅၀၀၀၀)ကျပ်နဲ့အတူ  ခါးပတ်အိတ် ()ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိခဲ့ ပစ္စည်းများ

အုပ်ချုပ်ရေးမှူး အောင်မင်းထက်ဟာ PDFတွေကို သတ္တိရှိရင် သူ့ကို လာသတ်ကြလို့ စိန်ခေါ်ထားသူဖြစ်ပြီး  ပြည်သူတွေကိုလည်း အတင်းအကြပ် ခြိမ်းခြောက်ကာ စစ်မှုထမ်းဖို့ လူစုပေးခြင်းနဲ့ ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာလည်း  ဦးဆောင်ပါဝင်ခြင်း၊ဒေသခံလူငယ်တွေကိုစည်းရုံးပြီးစစ်ကောင်စီလက်ကိုင်တုတ်ပျူစောထီးအဖွဲ့ဖွဲ့စည်းကာပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတာကြောင့်အခုလိုအရေးယူလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သား ၈ ဦး သေသည့် စစ်ကွင်းတာဆုံဂိတ် စီးနင်းတိုက်ခိုက်မှု၊ “ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေ မကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူက ပြတ်နဲ့ပါ”

ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်းကို အတုအယောင် ရွေးကောက်ပွဲအတွက် စစ်တပ် ပြန်လည်ထုတ်လွှင့်နေ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က အဆိုတော် လေးဖြူ သီဆိုခဲ့တဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို အကြမ်းဖက် စစ်ကော်မရှင်က သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြန်လည် ထုတ်လွှင့်နေပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ယောက်သေကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တောင်းတံတားအသစ်ဘက်ကနေ မော်လမြိုင်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ​စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။