စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းလက်ကို အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မုံရွာမန္တလေးလမ်းပိုင်း အလက္ကပ္ပအနီး ပျားဂဟောနဲ့ ကုက္ကိုတန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချောင်းဦးမြို့ဆေးရုံဆီ ခေါ်ဆောင်သွားကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို BLDF တပ်ခွဲ အညာမိုင်းနဲ့ ဇာမဏီဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေ ယုံကြည်မှုရှိလား (ရုပ်/သံ)

လာမယ့်ဒီဇင်ဘာလထဲမှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 
Read More

ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ဆင်းလူးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင် ဝေဟင် ပူးတွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် မင်းဘူးခရိုင် အမှတ်-၄တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်‌ ဝေဟင် ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် မင်းအောင်လှိုင်၏ ယတြာအစီအစဉ် ပျက်စီး (ရုပ်/သံ)

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For  Myanmar (BWM) က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်စဉ်က တိုက်ပွဲမှတ်တမ်းကို ထုတ်ပြန်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Southern YSO PDF က ထုတ်ပြန်လာပါတယ်။