မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA  ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့()၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစုတွေကြား နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက တိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်‌ရေး () ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းထံက သိရပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး ၁ ဒရုန်းတပ်ဖွဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်အင်အားမရှိတော့ လူအင်အားမမျှတပဲ ပစ်ရတော့ အချိန်အတိုင်းတာ တစ်ခုထိပဲ

အချိန်ဆွဲ ပစ်ခတ်နိုင်ခဲ့တယ်ဗျလို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်‌ရေး () ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းကမောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူနေအိမ် ၁ လုံးနဲ့ ဘုန်းကြီးကျောင်းဇရပ် ၁ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိ သွားကာ ဖောကားနဲ့ သေဆုံး၊ ဒဏ်ရာရစစ်သားတွေကို တင်ဆောင်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ၆၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force-FRF အဖွဲ့က သြဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်း ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေကာ ၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မဟာမုနိဘုရားကြီးကျောင်းဆောင်ဝန်းကျင် မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်‌ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ အနီးဝန်းကျင်ကို အခုလိုပဲ တွေ့မြင်ခဲ့ရပါတယ်။
Read More

5.56 ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Myingyan Black Tiger (MBT) ထုတ်ပြန် (ရုပ်/သံ)

Myingyan Black Tiger (MBT) မှ 5.56ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ ပြီဖြစ်ကြောင်း ပြည်သူများအသိပေးလိုက်ပါတယ်။